
APM ၊ အောက်တိုဘာ ၃၀/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး စတုတ္ထနိအဖြစ် ဒေနိ (အောက်တိုဘာ ၃၀ ရက်) နိ၊ ညဇာ ၆ နာရီလောက်မာ ဖောင်းဆိုင်မြို့ကို အောင်မြင်စွာ သိမ်းပိုက်လိုက်ယာဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တေ AA ၊ TNLA နန့် MNDAA ရို့က ထုတ်ပြန်ပါရေ။
၁၀၂၇ စစ်ဆင်ရီး စတုတ္ထမြောက်နိမာ ဖောင်းဆိုင်ဖက်မာ စစ်ကောင်စီတပ်စခန်း ၄ ခုကို ကနဦး သိမ်းပိုက်နိုင်ခစွာမာ တမြို့လုံးကို သိမ်းယူလိုက်စွာဖြစ်ပါရေ။
ယင်းအပြင် ဒေနိမာ လားရှိုးမြို့နယ်ဟိ စစ်ကောင်စီ၏ “မိုင်းကျက်တပ်စခန်းကိုမိုးထ ၄ နာရီ ၁၅ မိနစ်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ သိရပါရေ။
အလားတူ ကွမ်လုံမြို့ ပတ်ဝန်းကျင်မာလည်း တိုက်ပွဲတိ ဆက်လက်ဖြစ်ပွားလျက်ဟိပြီးကေ စစ်ဆင်ရီးကို ဆက်လို့ အရှိန်မြှင့်တင်လျက်ဟိရေလို့ ဆိုပါရေ။
တချိန်တည်းမာ တခြားနီရာတိမာလည်း ထိုးစစ်နန့် စစ်ဆင်ရီးတိကို ဟန်ချက်ညီ လုပ်ဆောင်လျက်ဟိကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်ထားပါရေ။
အဆိုပါတိုက်ပွဲတိအတွင်း စစ်ကောင်စီရေ လီကြောင်းက တိုက်ခိုက်မှုတိယာ လုပ်နိုင်ခပြီးကေ ရဟတ်ယာဥ်၊ ဂျက်တိုက်လီယာဉ်တိနန့် မုံးကိုးမြို့၊ မန်ယန်၊ ပန်ဆိုင်း တလျောက် ဗုံးကြဲတိုက်ခိုက်ခကြောင်း သိဟိရပါရေ။
