
APM ၊ အောက်တိုဘာ ၃၀/ ၂၀၂၃
အောက်တိုဘာ ၂၇ ရက်နိမိုးထကစလို့ စစ်ကိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဖက်တောင်ရိုး တလျှောက်မာ ရက္ခိုင်တပ်တော် AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပွားနီကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဒေနိနိခင်း ၁၂ နာရီအချိန် သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရီး ပထမနိဖြစ်တေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နိ၊ မိုးထ ၈ နာရီ ၂၂ မိနစ်က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်မာ စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော် AA ရို့ တိုက်ပွဲဖြစ်ပွားခပြီးကေ ဒေနိအချိန်အထိလည်း ရင်ဆိုင်တိုက်ပွဲတိ၊ ကြိုကြားကြိုကြားတိုက်ပွဲတိ ဖြစ်ပွားနီရေလို့ သိရရေ။
ယင်းတိုက်ပွဲတိဖြစ်နီရေ ထီးချိုင့်မြို့နယ်စွာ စစ်ကောင်စီဖက်က ဒေရက်ပိုင်းအတွင်း လီကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်တေ နီရာတခုလို့ ဆိုပါရေ။
တိုက်ပွဲတိအတွင်းမာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတိဟိခရေပိုင် AA ဖက်ကလည်း အထိအခိုက် အကျဆုံးတိဟိခပြီးကေ၊အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်မှုတိနန့်အတူ တိုက်ပွဲအဟိန်ပြင်းထန်နီရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော် AA စွာ ၁၀၂၇ စစ်ဆင်ရီး စတင်ရေ အချိန်ကစလို့ ကိုးကန့်၊ တအာင်း ညီနောင်မဟာမိတ်တိနန့် ကချင်အပါအဝင် တခြားမဟာမိတ်တိဟိရေ နီရာဒေသတိမာ ညီနောင်မဟာမိတ်တိနန့်အတူ စစ်ဆင်ရီး၏ အရေးပါရေ နီရာတိနန့် စစ်ဆင်ရီးကို အထောက်အပံ့ဖြစ်စီရေ နီရာတိမာ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် တိုက်ပွဲဖြစ်ပွားခကြောင်းလည်း ဖော်ပြထားပါရေ။
ရက္ခိုင့်တပ်တော် AA အခြီစိုက် လှုပ်ယှားရေ နီရာတိထဲက တခုဖြစ်တေ ကချင်ပြည်၊ လိုင်ဇာဌာနချုပ်နားမာ ဖြစ်ရေ တိုက်ပွဲတိမာလည်း ရက္ခိုင့်တပ်တော် AA က ညီနောင်မဟာမိတ်တိနန့်အတူ စစ်ဆင်ရီးတိကို ပူးပေါင်း ပါဝင်တိုက် ခိုက်လို့ဟိကြောင်း သိဟိရပါရေ။


