
APM ၊ ဂျန်နဝါရီ ၃၀ / ၂၀၂၃
ကချင်ပြည်၊ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးဟိ ကုမ္ပဏီကျောက်စိမ်းလုပ်ကွက်ဟောင်း တခုတွင် ဒေနိ (ဂျန်နဝါရီ ၃၀ ရက်နိ) မိုးထ ၉ နာရီခန့်က မြီပြိုကျ၍ ရီမဆီးကျောက်ရှာဖွီနီသည့် ရက္ခိုင်အမျိုးသား ၄ ယောက် သီဆုံးလားကြောင်း သိရသည်။
အဆိုပါ လုပ်ကွက်ဟောင်းတွင် ရက္ခိုင်အမျိုးသား ၄ ယောက် ရီမဆီးကျောက်ရှာနီစဉ် ၎င်းရို့အထက် ပေ ၁၀၀ ခန့် အမြင့်မှ ကမ်းပါး မြီပြိုကျခခြင်းဖြစ်သည်။
မြီပြိုကျမှုဖြစ်ပြီးနောက် လူမှုကယ်ဆယ်ရီးအဖွဲ့များ၊ တခြားရီမဆီးကျောက်ရှာသူများနန့် ဒေသခံများက ဝိုင်းဝန်းရှာဖွီခရာ ဒေနိ မိုးထ ၁၀ နာရီခန့်၌ ၎င်းတို့ ၄ ယောက် အလောင်းကို တူးဖော်ရဟိခကြောင်း သိရသည်။
လက်ဟိတွင် ၎င်းတို့၏ ရုပ်အလောင်းများကို ဆိုင်းတောင်(ဆိပ်မူ) သုဿန်သို့ ပို့ဆောင်ထားကြောင်း သိဟိရသည်။
Photo – CJ




Please follow and like us: