APM ၊ ဂျန်နဝါရီ ၃၀ / ၂၀၂၃
ပါကစ္စတန်နိုင်ငံတွင် ဂျန်နဝါရီလ ၂၉ ရက်နိ တရက်တည်းအတွင်း ခရီးသည်တင် ဘတ်စ်ကားတစီး မတော်တဆ
တိမ်းမှောက်မှုနန့် စက်လှီတစီးနစ်မြှုပ်မှုဖြစ်ပွားခပြီး လူပေါင်း ၅၀ ကျော်သီဆုံးခကြောင်း သိရသည်။
ပါကစ္စတန်မြောက်ပိုင်းတွင် ဂျန်နဝါရီ ၂၉ ရက်နိ မိုးထက ခရီးသည်တင် ဘတ်စ်ကားတစီး တန်းတားအောက်သို့ ပြုတ်ကျကာ မီးလောင်မှု ဖြစ်ပွားခသည်။
ယင်းဘတ်စ်ကားတွင် လူပေါင်း ၄၈ ဦးလိုက်ပါလာခြင်းဖြစ်ပြီး ယင်းအထဲမှ ၄၁ ယောက်သီဆုံးခကာ နောက်ထပ် ၃ ယောက်မှာလေ့ အရေးပေါ်ဆီးကုသမှုခံယူနီရကြောင်း ပါကစ္စတန်အစိုးက ထုတ်ပြန်ထားသည်။
အလားတူ ဂျန်နဝါရီ ၂၉ ရက်နိ တရက်တည်းမှာပင် ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ခေဘာပတ်တွန်ခွာပြည်နယ်ဟိ တန်ဒါဒမ်ရီကန်၌ စက်လှီတစီး တိမ်းမှောက်မှုဖြစ်ပွားခသိမ့်ကြောင်း သိရသည်။
ယင်းစက်လှီတွင် ဘာသာရီး ကျောင်းတကျောင်းမှ ကျောင်းသား ၂၅ယောက်လိုက်ပါလာခြင်းဖြစ်ကာ စက်လှီတိမ်းမှောက်စဉ်အတွင်း ကျောင်းသား ၁၀ ယောက်သီးဆုံးခရသည်ဟု ဆိုသည်။
ယင်းအပြင် ကျောင်းသား ၇ ယောက်ကို ကယ်တင်ထားနိုင်ကေလေ့ ၃ ယောက်မှာ စိုးရိမ်ရအခြေအနေတွင် ဟိနီပြီး ကျန်ကျောင်းသား ၈ ယောက်ကတော့ ပျောက်ဆုံးနီဆဲဖြစ်ကြောင်း သိဟိရပါသည်။
Source – A bus crashed, fell off a bridge and caught fire in Pakistan, killing 40, At least 10 children killed in Pakistan as boat capsizes
Photo – AFP