
APM ၊ စပ်တမ်ဘာ ၃ / ၂၀၂၃
စပ်တမ်ဘာ ၂ ရက်နိက အယ်လ်ဟာဇီအသင်းကို အနိုင်ရခသည့်ပွဲအပြီးတွင် ဘောလုံးသမိုင်းတလျောက် သွင်းဂိုး ၈၅၀ ပြည့်မြောက်သည့် ပထမဆုံးကဇတ်သမားအဖြစ် အယ်လ်နာဆာအသင်းဂေါင်းဆောင် စီရော်နယ်ဒို မှတ်တမ်းဝင်လား ကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်တွင် အယ်လ်နာဆာအသင်းသည် ပြိုင်ဖက် အယ်လ်ဟာဇီအသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဟိခပြီး၊ အယ်လ်နာဆာ အသင်းအတွက်သွင်းဂိုးများကို စီရော်နယ်ဒို၊ မာနေ ၊ အော်တာဗီယို၊ အယ်လ်ခါဘာရီ နန့် ဂါရီဘ် ရို့က အသီးသီးသွင်းယူပီးခသည်။
အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဒေဂုဘောလုံးရာသီတွင် အယ်လ်နာဆာအသင်းအတွက် လိဂ်ပြိုင်ပွဲ ၄ ပွဲကဇတ်ရာ ၆ ဂိုးသွင်းယူထားသည်။
လက်ဟိတွင် အယ်လ်နာဆာအသင်းသည် လိဂ်ပွဲစဉ်အဖြစ် ၅ ပွဲကဇတ်ရာ ၃ ပွဲနိုင် ၂ ပွဲသရေကျကာ ရမှတ် ၉ မှတ်ဖြင့် ဆော်ဒီပရိုလိဂ် အမှတ်ပီးဇယား အဆင့် ၆ နီရာ၌ ရပ်တည်နီသည်။
Source – Al-Hazm 1-5 Al-Nassr: Cristiano Ronaldo scores his 850th career goal
Photo- ESPN
