APM ၊ စပ်တမ်ဘာ ၃ / ၂၀၂၃
ရက္ခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွီအနှစ်(UNESCO)စာရင်း ဝင်ရီးကိစ္စ လက်ဟိအချိန်ထိ တစုံတရာ ထူးခြားမှုမဟိသိမ့်ကြောင်း သိရသည်။
မြောက်ဦးမြို့ကို UNESCO စာရင်းဝင်နိုင်ရီး အဆိုပြုလွှာ(မူချော)အား ပြီးခသည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇမ်ဘာ ၃ဝ ရက်နိတွင် ပြင်သစ်နိုင်ငံဟိ UNESCO ရုံးချုပ်သို့ တင်သွင်းနိုင်ခသည်။
ကနဦး ပြောကြားချက်အရ ဒေနှစ်၂ဝ၂၃ ခုနှစ်၊ ဂျူလိုင်လတွင် UNESCOမှ ပညာသျှင်များက မြောက်ဦးသို့ လာရောက် ကွင်းဆင်းလေ့လာမည်ဖြစ်ပြီး UNECSO စာရင်းဝင်/မဝင်ကို ၂၀၂၃ နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွီအနှစ်ကော်မတီ၌ နိုင်ငံပေါင်း ၂၁ နိုင်ငံက မဲပီးဆုံးဖြတ်ရမည်ဟုဆိုသည်။
လက်ဟိတွင် မြောက်ဦးမြို့ UNICSO စာရင်းဝင့နိုင်ရီး မြီပြင်ကွင်းဆင်းအစစ်အဆီးခံရန် ကြိုတင်ပြင်ဆင်ထားကေလေ့ UNESCO က လာရောက်စစ်ဆီးမှုမပြုလုပ်သည့်အပြင် တစုံတရာအကြောင်းပြန်ကြားခြင်းလည်းမဟိသိမ့်ဟုUNESCO စာရင်းဝင်နိုင်ရီး ကြိုးပမ်းနီလူများကပြောသည်။
မြောက်ဦးမြို့ကို UNESCO စာရင်းဝင်နိုင်ရီးကိစ္စအား ပြီးခသည့် ၂၀၁၇ ခုနှစ်ကပင် စတင်ကြိုးပမ်းလာခြင်းဖြစ်ပြီး ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရှိဗြီးကွင်းဆင်းလေ့လာမှုအဖြစ် အီတလီနိုင်ငံသား ရီအသုံးချမှုပညာသျှင် ပါမောက္ခ Massimo Sarti က မြောက်ဦးမြို့၏ ရီအသုံးချမှုစနစ်ကို ပြီးခသည့် ကွင်းဆင်းလေ့လာခသိမ့်သည်။
ယင်းနောက် ဒေနှစ်တွင် UNESCO မှပညာသျှင်များက လာရောက်ကွင်းဆင်းလေ့လာရမည်ဖြစ်ကေလေ့ UNESCO စာရင်းဝင်နိုင်ရီးဆောင်ရွက်ချက်များမှာ ၂ဝ၂၂ ခုနှစ်မှစကာရပ်တန့်နီခခြင်းဖြစ်ကြောင်း သိရသည်။