APM၊ စပ်တမ်ဘာ ၃ /၂၀၂၃
ရသေ့တောင်မြို့နယ်၊ စပါးထား စစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်များမှာ လက်ဟိ၌ စားဝတ်နီရီး အခက်အခဲများကို ဆိုးဝါးစွာ ရင်ဆိုင် နီကတ်ရကြောင်း သိရသည်။
ယင်းစခန်းဟိ စစ်ဖီးယှောင်များမှာ နီးစပ်ရာ ရွာများတွင် ရီအငှားထမ်းခြင်း၊ လယ်အငှားလုပ်ခြင်းစသဖြင့် ကြုံရာအလုပ်လုပ်ကိုင်ကာ စားဝတ်နီရီးဖြေယှင်းနီကတ်ရသူများဖြစ်သည်။
လက်ဟိ၌ အကူအညီလာရောက်နည်းပါးနီသည့်အပြင် အလုပ်အကိုင်ယှားပါးခြင်း၊ ကုန်ဈီးနှုန်းများ မြင့်တက်ခြင်း များကြောင့် စခန်းဟိ စစ်ဖီးယှောင်အများစုမှာ စားဝတ်နီရီးပြဿနာကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။
စစ်ဖီးယှောင်စခန်းအတွင်းဟိ လူဦးရေများသည့် မိသားစုများဆိုလျှင် အချေများနန့် သက်ကြီးရွယ်အိုများပါမကျန် နိစားအလုပ်လုပ်လျက် တနပ်ဝမ်းစာကို ခက်ခက်ခဲခဲ ရှာဖွီနီကတ်ရသည်ဟုဆိုသည်။
စပါးထားစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၂၄ စုနန့် လူဦးရေ ၅၀၀ ကျော်ဟိပြီး အများစုမှာ ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်၊ င/တောက်တူချေ စသည့် ကျေးရွာများမှ ဖြစ်သည်။