APM ၊ စပ်တမ်ဘာ ၃ /၂၀၂၃
မင်းပြားမြို့နယ်မှ ရွာပေါင်း ၁၅ ရွာကိုဆက်သွယ်ထားသည့် ရွာချင်းဆက် လမ်းမကြီးမှာပျက်စီးနီ၍ လက်ဟိ၌ ဒေသခံများခရီး လားလာရီးအခက်ကြုံနီကတ်ရကြောင်း သိရသည်။
မင်းပြားမြို့နယ်မှ မြင်းတင်းမ၊ လက်ခုတ်၊ တောင်ပုက္ကေ၊ နတ်မောင်၊ ကျောက်မော်၊ ပုလဲတောင်၊ ခွဆုံ၊ ရွှေဇင်ယော်၊ ကျောက်ဆုံ၊ စိတ္တရ၊ သလူချောင်း၊ ပြိုင်းချောင်း၊ ငန်းတက်၊ ညောင်ခြုံနန့် အိုးပုံတောင်စသည့် ရွာများအား ဆက်သွယ်ထားသည့် လမ်းမကြီးမှာ လက်ဟိ၌ ဆိုးဆိုးဝါးဝါး ပျက်စီးနီခြင်းဖြစ်သည်။
အဆိုပါလမ်းသည် မြီသားလမ်းဖြစ်ပြီး မိုးကြီးကာ မိုးရီများတင်ကျန်ခမှုကြောင့် တစတစ ပျက်စီးလာကာ လက်ဟိ၌ လားလာရီးလုံးဝ အဆင်မပြေဖြစ်နီကြောင်း ဒေသခံများက ပြောသည်။
ယင်းလမ်းမကြီးမှာ ဒေသခံများအဓိကထား ကုန်စည်သယ်ယူပို့ဆောင်နီကတ်သည့် လမ်းဖြစ်ပြီး အဂုပိုင် ဆိုးဆိုးဝါးဝါးပျက်စီးနီ၍ လူမှုစီးပွားရီးအတွက်များစွာ ထိခိုက်နီကတ်ရသည့်အပြင် အရေးပေါ်လူနာများအား ဆီးရုံ၊ ဆီခန်းသို့ ပို့ဆောင်ရာတွင်လည်း အချိန်ကြန့်ကြာမှုများ ဟိနီ၍ အသက်အန္တရာယ်ကိုပင် စိုးရိမ်နီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် ယင်လမ်းမကြီးတလျှောက် ဗြီးဆွဲနီကတ်သည့် ကာသမားများနန့် ဆိုင်ကယ်ကယ်ရီဆွဲလူများမှာလည်း လမ်းပျက်စီးနီ၍ ရပ်နားထားရပြီး ကြုံရာကျဘမ်း ဝင်လုပ်ကာ စားဝတ်နီရီးအတွက်ရုန်းကန်နီကတ်ရကြောင်း သိဟိရသည်။