APM၊ စပ်တမ်ဘာ ၃/ ၂၀၂၃
အိန္ဒိယနိုင်ငံ၏ အာကာသအေဂျင်စီသည် လ၏တောင်ဝင်ရိုးစွန်းပေါ်သို့ သမိုင်းဝင်ဆင်းသက်ပြီး တပတ်ကျော်အကြာတွင် နီကို လေ့လာရန် ဒုံးပျံတစင်း ထပ်မံလွှတ်တင်လိုက်ကြောင်း သိရသည်။
Aditya-L1 ဟုနာမည်ပီးထားသည့် အဆိုပါဒုံးပျံကို စပ်တမ်ဘာ ၂ ရက်နိ၊ မိုးထ ၁၁ နာရီ ၅၀ မိနစ်တွင် လွှတ်တင်ခပြီး ဒုံးပျံ သည် နီ၏ အပြင်ဖက်အလွှာကို စောင့်ကြည့်ရန် သိပ္ပံနည်းကျ ကိရိယာများ တင်ဆောင်လားကာ ခရီးစဉ်သည် လေးလကြာမည်ဟု ဆိုသည်။
ဒုံးပျံလွှတ်တင်မှုကို အိန္ဒိယ အာကာသသုတေသနအဖွဲ့(ISRO) ၏ ဝက်ဘ်ဆိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခပြီး လူပေါင်း ၅ သိန်းနီးပါး စောင့်ကြည့်ခကတ်ကြောင်း သိရသည်။
ISRO ၏ အဆိုအရ အဆိုပါဒုံးပျံသည် နီကို စနစ်တကျလေ့လာရန် သိပ္ပံကိရိယာ ၇ ခုတင်ဆောင်ထားပြီး အဆိုပါကိရိယာများ ကို အိန္ဒိယ အာကာသအေဂျင်စီနန့် သိပ္ပံပညာဆိုင်ရာအဖွဲ့အစည်းရို့က ပူးပေါင်းတီထွင်ခကတ်ခြင်းဖြစ်သည်။
အဆိုပါဒုံးပျံကို လေးလကျော်ကြာ ကီလိုမီတာ ၁.၅ သန်း(မိုင်ပေါင်း ၉၃၀,၀၀၀)လောက် လားနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး မစ်သျှင်အောင်မြင်ပါက ၎င်းသည် နီသို့လားသည့် အာသျှနိုင်ငံတနိုင်ငံ၏ ပထမဆုံး စူးစမ်းလေ့လာရီးယာဉ် ဖြစ်လာမည်ဟု သိဟိရသည်။
Source – India launches rocket to observe sun days after historic moon landing
Photo – ISRO