
APM ၊ စပ်တမ်ဘာ ၃ / ၂၀၂၃
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မြောက်ဖက်တွင် စပ်တမ်ဘာ ၂ ရက်နိက ကာဗလာမြို့သို့ ဘုရားဖူးလားသည့် ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် လူ ၁၈ ယောက်သီဆုံးခကြောင်း အီရတ်ဆီးဖက်ဆိုင်ရာ တာဝန်ဟိလူများက ပြောသည်။
ဘတ်စ်ကားတိမ်းမှောက်မှုသည် ဘဂ္ဂဒက်မြို့မြောက်ဖက် ၅၅ မိုင်လောက်အကွာဟိ ဘာလဒ်မြို့အနားတွင် ဖြစ်ပွားခခြင်း ဖြစ်သည်။
သီဆုံးခလူများမှာ အမျိုးသား ၁၅ ယောက်နန့် အမျိုးသမီး ၃ယောက်ဖြစ်ပြီး ယင်းအနက် အီရန်နိုင်ငံသား ၁၀ ယောက် နန့်အီရတ်နိုင်ငံသား ၂ ယောက်ပါဝင်ကာ တခြားနိုင်ငံသား ၆ယောက်ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ ဘုရားဖူးများမှာ ကဗလာမြို့ဟိ နာမည်ကြီး ရှီးယိုက်ဘုရားသို့ လာရောက်ခြင်းဖြစ်ပြီး နှစ်စဉ်ကဗလာမြို့သို့ အီရန်၊ အီရတ် အပါအဝင် ပင်လယ်ကွေ့မူဆလင်နိုင်ငံများမှ လူပေါင်း သန်းချီ လာရောက်လည်ပတ်လိဟိကြောင်း သိဟိရသည်။
Source – 18 people have been killed in Iraq after a bus carrying Shiite pilgrims to Karbala overturned
Photo- AP
