
APM၊ ဩဂတ်စ် ၃/ ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ဒေနှစ် မေလမှ ဂျူလိုင်လအထိ ဆိုးဆိုးဝါးဝါးဖြစ်ပွားခသည့် လူမျိုးစု အကြမ်း ဖက်မှုများကြောင့် သီဆုံးလူ ၁၅၀ ဟိလာကြောင်း အိန္ဒိယတရားရုံးချုပ်က ဩဂစ် ၁ ရက်နိက ထုတ်ပြန်ထားသည်။
အိန္ဒိယတရားရုံးချုပ်၏ထုတ်ပြန်ချက်အရ မေ ၄ ရက်နိမှ ဂျူလိုင် ၂၇ ရက်နိအထိ ဖြစ်ပွားခသည့် လူမျိုးရီးပဋိပက္ခအတွင်း လူပေါင်း ၁၅၀ သီဆုံးပြီး၊ ၅၀၂ ယောက် ထိခိုက်ဒဏ်ရာရဟိခသည်ဟု ဆိုသည်။
သီဆုံးမှုဖြစ်စဉ်များအရ မေ ၃ ရက်နိမှ မေ ၅ ရက်နိအတွင်း ၅၉ယောက်၊မေ၂၇ ရက် နိမှ မေ၂၉ရက်နိအထိ ၂၈ ယောက်၊ ဂျူန် ၉ရက်နိတွင် ၁၃ ယောက်၊ ဂျူလိုင် ၂၇ ရက်နိတွင် လူ ၅၀၊ စုစုပေါင်း ၁၅၀ သီဆုံးခခြင်းဖြစ်သည်။
အကြမ်းဖက်မှုများ စုစုပေါင်း ၆,၅၂၃ ခုဖြစ်ပွား၍ မီးတိုက်မှု ၅၁၀၇ ကြိမ်ဖြစ် ပွားကာ အမျိုးသမီးများနန့် အချေများကိုကျူးလွန်သည့် ရာဇဝတ်မှု ၁၁ ခုဟိပြီးလူပေါင်း ၁၂.၉၉၂ ကို ဖမ်းဆီးထိန်း သိမ်းခကြောင်း သိရသည်။
ယင်း ၃ လကြာ ဖြစ်ပွားခသည့် လူမျိုးစုအကြမ်းဖက်မှုများကြောင့် ရာနန့်ချီသည့် လူနီအိမ်များ မီးတိုက်ခံခရပြီး လူပေါင်း ၆၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်လားခရသည်။
လူဦးရေ ၃ ဒသမ ၂သန်းဟိသည့် မဏိပူရပြည်နယ်တွင် ဟိန္ဒူအများစုဖြစ်သည့် ကသည်းလူမျိုးများက အထူးသီးသန့်လူမျိုးစု အဆင့်အတန်း တောင်းဆိုမှုကို ခရစ်ယာန်အများစုဖြစ်သည့် ကူကီးနန့် တခြားလူမျိုးများက ကန့်ကွက်ရာမှ လူမျိုးရီး ပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခခြင်းဖြစ်သည်။
Source – Manipur status report on FIRs shows complete breakdown of constitutional machinery from May to July: Supreme Court
Photo – AFP
