
APM ၊ ဩဂတ်စ် ၃ / ၂၀၂၃
ကျောက်ဖြူမြို့ ရပ်ကွက်တချို့တွင် ဩဂတ်စ် ၂ ရက်နိညည့်၌ မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧည့်စာရင်း အကြောင်းပြကာ လူနီအိမ်များကို စီးနင်းဝင်ရောက်စစ်ဆီးခကြောင်းသတင်းရဟိသည်။
ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ရင်းရပ်ကွက်၊ အရာဟိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်စသည့် ရပ်ကွက် များတွင်ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ် ခလရ(၃၄) နန့် ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၃၀ လောက်က စစ်ကား ၂ စီးနန့် လှည့်လည်ကာ ဝင်ရောက်စစ်ဆီးခခြင်းဖြစ်သည်။
ဩဂတ်စ် ၂ ရက်နိ ညည့် ၁၀ နာရီ ချိန်လောက်က အဆိုပါ စစ်ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကျောက် ဖြူ မြို့ တောင်ရင်းရပ်ကွက်မှ ဦးအာနီချေဆိုသူ၏နီအိမ်ကိုလည်းကောင်း၊ညည့် ၁၁ ချိန်တွင် အရာဟိရပ်ကွက်မှ ဦးခင်မောင်သန်း ဆိုသူ၏ နီအိမ်ကိုလည်းကောင်း၊ ညည့် ၁၂ နာရီခွဲလောက်တွင် အနောက်ပိုင်းရပ်ကွက်မှ ဦးတေဇာလင်းဆိုသူ၏ နီအိမ်နန့် ဦးပြောင်ချေဆိုသူ၏နီအိမ်ရို့ ကို စီးနင်းဝင်ရောက် မွှီနှောက်ရှာဖွီ စစ်ဆီးမိန်းမြန်းမှုပြုလုပ်ခကြောင်းသိရသည်။
ယင်းသို့စစ်ဆီးရာ၌ ခြိမ်းခြောက်သည့်အသွင်ဆောင်နီပြီး၊အိမ်ထောင်စုစာရင်းအားတောင်းယူကာ ဓါတ်ပုံရိုက်ခြင်း၊ နီအိမ်ခြံ ဝန်းနောက်ဖက်အား ဝင်ရောက်ရှာဖွီခြင်းများပြုလုပ်ခကတ်သည်။
မြန်မာစစ်တပ်သည်ကျောက်ဖြူ၊ တောင်ကုတ်၊ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော စသည့် မြို့နယ်များတွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွိမှုများ၊ စစ်ဆီးမိန်းမြန်းမှုများ ပြုလုပ်လျက်ဟိရာ ဒေဂုရက်ပိုင်း တွင် အဟုန်မြှင့်လုပ် ဆောင်လာသည်ကို တွိရသည်။
ယင်းသို့ စစ်ကောင်စီ၏ ဝင်ရောက်ရှာဖွီမှုပြင်းထန်လာခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်နီကတ်ရပြီး တချို့မှာ တိမ်းယှောင် နီကတ်ရကြောင်း သိဟိရသည်။
