APM ၊ ဩဂတ်စ် ၃ / ၂၀၂၃
သံတွဲမြို့ဟိ ချောင်းရီသည် စိုးရိမ်ရီမှတ်အထက်၂ ပေလောက် ကျော်လွန်နီ၍ မြစ်ကမ်းနားနန့် မြီနိမ့်ပိုင်းများတွင် နီထိုင်သူ များ အထူးသတိပြုရန် မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ဒေနိ (ဩဂတ်စ် ၃ ရက်နိ)ညဇာ ၂ နာရီတွင် သတိပီး ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ “ဒေနိ ညဇာ ၂ နာရီအချိန်တိုင်းထွာချက်အရ သံတွဲချောင်းရီသည် မြို့၏ စိုးရိမ်ရီမှတ်အထက် ၂ ပေလောက် ကျော်လွန်ရောက်ဟိနီပါသည်။ ယင်းချောင်းရီသည် နောက်တရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရီမှတ်အထက်တွက် ဆက် လက်တည်ဟိနိုင်ပါသည် ဟု ဆိုသည်။
ယင်းကြောင့် ရီကြီးမှုများဖြစ်ပေါ်နိုင်သည့်အတွက် သံတွဲမြို့နယ်ဟိ မြစ်ကမ်းနားနန့် မြီနိမ့်ပိုင်းဒေသများတွင် နီထိုင်သူများ အနီနန့် အထူးသတိပြုနီထိုင်ကတ်ရန်လေ့ မိုး/ဇလ က အကြံပြုထားသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခသည့် မုန်တိုင်းချေ၏ အဟိန်ကြောင့် ဩဂတ်စ် ၁ ရက်ညပိုင်းကပင် ရက္ခိုင်ပြည်တွင် မိုးအဆက်မပြတ်ရွာသွန်းနီခြင်းဖြစ်သည်။
ယင်းသို့ မိုးရွာသွန်းမှုကြောင့် သံတွဲနန့် တောင်ကုတ်မြို့နယ်ဟိ မြီနိမ့်ပိုင်း ဒေသတချို့တွင် ရီများဝင်ရောက်ကာ ရီလွမ်းမိုးမှု များ ဖြစ်ပေါ်ခကြောင်း သိရသည်။