APM ၊ ဩဂတ်စ် ၃ /၂၀၂၃
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်နန့် လားသျှိုးတွင် ဩဂတ်စ် ၂ ရက်နိက မြန်မာစစ်တပ် နန့် တအာင်း အမျိုးသားလွတ် မြောက်ရီးတပ်မတော် (TNLA) ရို့အကြား တိုက်ပွဲများ ထပ်ဖြစ်ခကြောင်း သိရသည်။
မူဆယ်မြို့၊ စယ်လန့်ကျေးရွာအုပ်စု၊ နာထန်နန့် ဂေါင်ရာကျေးရွာအနားတွင် မြန်မာစစ်တပ်၏ ဒကစ ခြီလျှင်တပ်ရင်းခလရ (၂၆၁)၊ မြို့မပြည်သူ့စစ်ပူးပေါင်းတပ်နန့် TNLA ရို့အကြား တိုက်ပွဲဖြစ်ပွားနီပြီး မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးများ တောက်လျှောက် ပစ်ခတ်နီကြောင်း TNLA မှ ထုတ်ပြန်ထားသည်။
အလားတူ လားသျှိုးမြို့နယ်တွင်လေ့ မြန်မာစစ်တပ်မှ အင်အား ၅၀ လောက်နန့် စစ်ရီးဖြည့်တင်းနီပြီး မြန်မာစစ်တပ်၏ စကစ-၁၆ ၊ခလရ (၆၈) မှ TNLA လှုပ်ယှားရာနီရာများသို့ လက်နက်ကြီး လက်နက်ချေများနန့် ပစ်ခတ်နီသည်ဟု ဆိုသည်။
စယ်လန့်ကျေးရွာနားတွင် ဩဂတ်စ် ၂ ရက်နိ၊ မိုးထ ၁၀ နာရီလောက်မှ ညဇာ ၄ နာရီခွဲအချိန်ထိ တိုက်ပွဲဖြစ်ပွားခရာ မြန်မာ စစ်တပ်ဖက်က အရာဟိ တယောက် သီဆုံးခကြောင်း ဒေသခံများက ပြောဆိုပြီး မြန်မာစစ်တပ်၏ လက်နက်ကြီးများ ပစ်ခတ် မှုကြောင့် စယ်လန့်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများဟိခသည်။
လက်နက်ကြီးများကျရောက် ပေါက်ကွဲမှုကြောင့် စယ်လန့်ရွာထဲဟိ ဘုန်းကြီးကျောင်း နန့် လူနီအိမ်တချို့ ပျက်စီးခကာ ဘုန်းကြီးတပါး နန့် အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိဟိရသည်။
Photo PSLF/TNLA