
APM ၊ သြဂတ်စ် ၃/၂၀၂၃
ရက္ခိုင့်တပ်တော် (AA) နန့် ဆက်စပ်သံသယနန့် ကျောက်တော်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နီရလူများထဲမှ ဩဂတ်စ် ၁ ရက်နိ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ၂ ယောက်ပြန်လွတ်လာကြောင်း သိရသည်။
ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းက AA နန့်ဆပ်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး ကျောက်တော်မြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ မြန်မာပြည်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မများ နန့်တရားရင်ဆိုင်နီရလူ ၁၂ ယောက်ဟိပြီး ယင်းအထဲ ၂ ယောက်ရာပြန်လွတ်လာခြင်းဖြစ်ကာ ကျန်လူများမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသည်။
လွတ်လာလူ ၂ ယောက်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့် တရားရင်ဆိုင်နီရသည့် ကျောက်တော်မြို့ ကဝိရတနာစစ်ဖီးယှောင်စခန်းက ဦးကျော်ဟိန်း(၄၀နှစ်)နန့် ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ဦးမောင်စောသာ(၅၃ နှစ်)ရို့ဖြစ်ကတ်သည်။
အဆိုပါ နှစ်ယောက်ကိုရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်ထပ်တကြိမ်ပြစ်မှု ကျူးလွန်လျှင် ၎င်းပြစ်ဒဏ်အပြင် ဒေဂုကျခံရန်ကျန်နီသည့် ပြစ်ဒဏ်များကိုပါ ကျခံရမည်ဟု ကျောက်တော်မြို့နယ်တရားရုံးက ခံဝန်လက်မှတ်ထိုးခိုင်းကာ လွှတ်ပီးလိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များနန့်နီးစပ်သူများက ပြောသည်။
ဆက်လက်ချုပ်နှောင်ခံထားရလူ ၁၀ ယောက်မှာ မြန်မာပြည်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပေဒေပုဒ်မ ၅၀၅-က နန့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြိုနယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်၊ ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက် နန့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ် ဝပြန်ရွာက ကိုမောင်သန်းဌေးနန့် ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာက ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်းရို့ ဖြစ်ကတ်သည်။
ယင်းအထဲမှ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသည့် လူထုဇော်ဝင်းအပါအဝင် ၃ ယောက်ကို လွှတ်မပီးသည့်အပြင် ဩဂတ်စ် ၂ ရက်နိတွင် ကျောက်တော်မြိုနယ်တရားရုံး၌ ရုံးထုတ်ခပြီး၊ မြိုနယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟုအကြောင်းပြကာ မစစ်ခဘဲ လာမည့် ဩဂတ်စ် ၁၅ ရက်နိသို ရုံးချိန်းထပ်ရွှိလိုက်သည်ဟု သိရသည်။
အလားတူ ကျောက်တော်က ၁၀ ယောက်အပါအဝင် လက်ဟိအချိန်ထိ ရက္ခိုင်ပြည်မြိုနယ်အသီးသီးဟိ အချုပ်ခန်းများ၊ အကျဉ်းထောင်များ၌ AA နန့်ဆက်စပ်၍ ဖမ်းဆီးခံထားရသည့်အပြစ်မဲ့ပြည်သူ ရာနန့်ချီ၍ ဆက်လက်ကျန်ဟိနီသိမ့်ပြီး ၎င်းရို့အားလုံးသည်လေ့ မတရားဖမ်းဆီးထားသူများဖြစ်၍ စစ်ကောင်စီအနီနန့် အယင်ဆုံး ပြန်လည်လွှတ်ပီးရန် မိသားစုဝင်များက မျှော်လင့်နီကတ်သည်။
