
APM ၊ သြဂတ်စ် ၃ / ၂၀၂၃
အမျိုးသမီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရသည့် ဘရာဇီးတိုက်စစ်မှူး မာတာ ဗီအဲရာဒါဆေးလ်ဗားသည် သြဂတ်စ် ၂ ရက်နိက ယှဉ်ပြိုင်ကဇတ်သည့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဂျမေကာအမျိုးသမီးအသင်းအား သရေကျခ၍ ပြိုင်ပွဲမှထွက်ခွာလိုက်ရပြီးနောက် သူ့၏ နိုင်ငံလက်ရွီးစင် ကဇတ်သမားဘဝက အနားယူကြောင်း ကြေညာသည်။
ဘရာဇီးအမျိုးသမီးအသင်းသည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု (၃) ပွဲတွင် ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ယှုံးဖြင့် ရမှတ် ၄ မှတ်သာရဟိခသည့်အတွက် ဂျမေကာအသင်း နန့် ၁ မှတ်အကွာဖြင့် ပြိုင်ပွဲမှ ထွက်ခွာလိုက်ရသည်။
အသက် ၃၇ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးက အကျွန့်အတွက်ကတော့ ဒေပွဲက လမ်းအဆုံးပါ။ နိုင်ငံအတွက် နောက်ထပ် ကဇတ်နိုင်ဖို့ မဟုတ်ယာ။ အကျွန် ဒေနီရာမှာ အဆုံးသတ်ခကေလေ့ အနာဂတ်မျိုးဆစ်သစ် ကဇတ်သမားတိအနီ နန့် အစရာ ဟိပါသိမ့်ရေ။ ကြီးမားရေ လမ်းအတိုင်းဆက်လျှောက်ဖို့ တိုက်တွန်းပါရေ ဟု ဆိုသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ် နန့် လက်ရွီးစင်အသင်းအတွက် ၁၈၉ ပွဲကဇတ်ပြီး ၁၂၂ ဂိုး သွင်းထားသည့် မာတာဗီအဲရာ ဒါဆေးလ်ဗား သည် အမျိုးသမီး နန့် အမျိုးသား ကဇတ်သမားများထဲတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကဇတ်သမားတယောက်ဖြစ်ပြီး ပွဲစဉ် ၂၃ ပွဲ၌စုစုပေါင်း ၁၇ ဂိုးသွင်းယူပီးထားခသည်။
ယင်းအပြင် သူမသည် ၂၀၀၃ နန့် ၂၀၀၇ ခုနှစ်က အမေရိကန်အားကဇတ်ပြိုင်ပွဲများတွင် ရွှီတံဆိပ်ဆုရဟိခပြီး၊ ၂၀၀၃၊ ၂၀၁၀၊ ၂၀၁၈ တွင် ကိုပါအမေရိကဖလားများကို ဆွတ်ခူးခကာ ၂၀၀၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၇ ဂိုးသွင်းယူ၍ ရွှီဖိနပ်ဆု နန့် ဘရာဇီးလ်အသင်းအား ဒုတိယနီရာသို့ ပို့ဆောင်ပီးခသည်။
Source- Brazil’s exit from the Women’s World Cup a bittersweet farewell for Marta/Reuters
Photo- Britannica
