
APM၊ ဩဂတ်စ် ၃/ ၂၀၂၃
မြန်မာပြည်တွင် စစ်ရီး၊ နိုင်ငံရီး ပဋိပက္ခများကြောင့် ပြည်တွင်းနီရပ်စွန့်ခွာလူ ၁ဒသမ ၉ သန်းကျော်ဟိလာကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရီးရုံး (UNOCHA) က ဂျူလိုင် ၃၁ရက်နိတွင်ထုတ်ပြန်သည်။
မြန်မာစစ်တပ်နန့် လက်နက်ကိုင်အဖွဲ့များအကြား စစ်ရီးပဋိပက္ခများသည် ဆက်လက်ဖြစ်ပွားနီသည့်အတွက် နီရပ်စွန့်ခွာ ထွက်ဗြီးသူများ ထပ်မံတိုးမြင့်နီပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားလျက်ဟိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်ခသည့် သီတင်းနှစ်ပတ်အတွင်းတိုင်းပြည်၏အရှိတောင်ဖက်တွင် တိုက်ပွဲများကြောင့် လူပေါင်း ၂၂,၀၀၀ ကျော် အိုးအိမ် စွန့်ခွာ ထွက်ဗြီးခရသည်ဟုလေ့ ဖော်ပြထားသည်။
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်က နန်ဆန်ယန်ကျေးရွာအနားတွင် မြန်မာစစ်တပ်နန့် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ရို့အကြား တိုက်ပွဲများဆက်ဖြစ်နီပြီး ဂျူလိုင် ၂၆ ရက်နိအထိ ဝိုင်းမော်နန့် မိုးမောက်မြို့နယ်ဟိ ကျေးရွာများမှ လူ ၇၀၀ ကျော် ဖီးကင်းရာသို့ စွန့်ခွာထွက်ဗြီးခရသည်ဟု UNOCHA က ဆိုသည်။
ယင်းကြောင့် ဂျူလိုင် ၂၄ ရက်နိအထိ မြန်မာပြည်တဝန်း ပြည်တွင်း နီရပ်စွန့်ခွာလူ ၁ ဒသမ ၉သန်းကျော်ဟိလာပြီး ယင်း အထဲမှ လူဦးရေ ၁ ဒသမ ၆သန်းနီးပါးမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနန့် မလုံခြုံမှုများကြောင့် နီရပ်စွန့်ခွာထွက်ဗြီးနီရသူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Photo – UNOCHA Myanmar
