APM ၊ ဩဂတ်စ် ၃/၂၀၂၂
ပလက်ဝ၌ ကျောင်းကြိုပို့ စက်လှေတစီးအား မြန်မာစစ်တပ်မှ စက်လတ်သီနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသား (၂) ဦးသီဆုံး၊ အချို့ဒဏ်ရာရလားခြင်းနန့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က ဩဂတ်စ် ၃ ရက်နိရက်စွဲနန့် မြန်မာဘာသာဖြင့် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားသည်။
“ပလက်ဝ ၌ ကျောင်းကြိုပို့ စက်လှေတစ်စီးအား မြန်မာစစ်တပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကျောင်းသား (၂) ဦးသေဆုံး၊ အချို့ဒဏ်ရာရရှိကြောင်းသတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်
၂၀၂၂ ခုနစ်၊ သြဂုတ်လ(၂)ရက်နေ့၊ နေ့လယ်(၁ : ၃၅)နာရီအချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချ တပ်စွဲနေရာယူ ထားသော မြန်မာစစ်တပ်သည် မည်သည့်တိုက်ပွဲမျှဖြစ်ပွားခဲ့ခြင်းမရှိဘဲ တမင်တကာရည်ရွယ်ချက်ရှိရှိ စက်လတ် များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သော မောင်နေမင်းထွန်း (အသက်-၁၂ နှစ်) နှင့် မောင်အောင်သန်းမြင့် (အသက်-၁၂ နှစ်) တို့ နှစ်ဦးမှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင် လိုက်ပါ လာသော ကျောင်းသူ/ကျောင်းသားအချို့ နှင့် ကျောင်းစောင့်တစ်ဦး (ဦးဗဒူ၊ အသက်-၅၆ နှစ်)တို့ ဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်။
ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွား လာနေကြသည့် ခရီးသွားမိဘပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချ တပ်စွဲ ဂိတ်ချ ထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မပစ္စည်းတောင်းခံခြင်း၊ငွေကြေး ကောက်ခံခြင်း၊ သေနတ်ဖောက် ရပ်တန့် ခိုင်းခြင်း၊ မရပ် တန့်သောစက်လှေများအား သေနတ်ဖြင့်ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသောကြောင့် ဒဏ်ရာရရှိသူများ၊ အသက် ဆုံးရှုံးသူများရှိကာ ပြည်သူလူထုသည်လည်း အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှု များ ရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်ပြီး ယမန်နေ့က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်အမှန်အား ထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်”
(Zawgyi)
ပလက္ဝ၌ ေက်ာင္းႀကိဳပို႔ စက္ေလွတစီးအား ျမန္မာစစ္တပ္မွ စက္လတ္သီနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းသား (၂) ဦးသီဆုံး၊ အခ်ိဳ႕ဒဏ္ရာရလားျခင္းနန႔္ပတ္သက္၍ ULA/AA သတင္းထုတ္ျပန္
APM ၊ ဩဂတ္စ္ ၃/၂၀၂၂
ပလက္ဝ၌ ေက်ာင္းႀကိဳပို႔ စက္ေလွတစီးအား ျမန္မာစစ္တပ္မွ စက္လတ္သီနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းသား (၂) ဦးသီဆုံး၊ အခ်ိဳ႕ဒဏ္ရာရလားျခင္းနန႔္ပတ္သက္၍ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ရကၡိဳင့္တပ္ေတာ္ ULA/AA က ဩဂတ္စ္ ၃ ရက္နိရက္စြဲနန႔္ ျမန္မာဘာသာျဖင့္ ေအာက္ပါအတိုင္း သတင္းထုတ္ျပန္ထားသည္။
“ပလက္ဝ ၌ ေက်ာင္းႀကိဳပို႔ စက္ေလွတစ္စီးအား ျမန္မာစစ္တပ္မွ စက္လတ္ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္၍ ေက်ာင္းသား (၂) ဦးေသဆုံး၊ အခ်ိဳ႕ဒဏ္ရာရရွိေၾကာင္းသတင္းထုတ္ျပန္ခ်က္
၂၀၂၂ ခုႏွစ္၊ ဩဂုတ္လ (၃) ရက္
၂၀၂၂ ခုနစ္၊ ၾသဂုတ္လ(၂)ရက္ေန႔၊ ေန႔လယ္(၁ : ၃၅)နာရီအခ်ိန္ခန႔္တြင္ ပလက္ဝၿမိဳ႕နယ္၊ တူးမဝ(တုံးမဝ) ေက်း႐ြာ မွ ေက်ာင္းတက္၍ ျပန္လာေသာ ေက်ာင္းႀကိဳပို႔စက္ေလွအား ႏွမဒါေက်း႐ြာေစတီကုန္း၌ စခန္းခ် တပ္စြဲေနရာယူ ထားေသာ ျမန္မာစစ္တပ္သည္ မည္သည့္တိုက္ပြဲမွ်ျဖစ္ပြားခဲ့ျခင္းမရွိဘဲ တမင္တကာရည္႐ြယ္ခ်က္ရွိရွိ စက္လတ္ မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ရဲမဝ(ရီးမဝ)ေက်း႐ြာမွ ေက်ာင္းသားႏွစ္ဦးျဖစ္ေသာ ေမာင္ေနမင္းထြန္း (အသက္-၁၂ ႏွစ္) ႏွင့္ ေမာင္ေအာင္သန္းျမင့္ (အသက္-၁၂ ႏွစ္) တို႔ ႏွစ္ဦးမွာ ေသဆုံးခဲ့ၿပီး စက္ေလွေပၚတြင္ လိုက္ပါ လာေသာ ေက်ာင္းသူ/ေက်ာင္းသားအခ်ိဳ႕ ႏွင့္ ေက်ာင္းေစာင့္တစ္ဦး (ဦးဗဒူ၊ အသက္-၅၆ ႏွစ္)တို႔ ဒဏ္ရာ အသီးသီးရရွိခဲ့ၾကသည္။
ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္ ကူးသန္းေရာင္းဝယ္ေရးႏွင့္ လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရးအတြက္ သြား လာေနၾကသည့္ ခရီးသြားမိဘျပည္သူမ်ားကိုလည္း ၎ျမစ္ေၾကာင္းကမ္းနံေဘး၌ စခန္းခ် တပ္စြဲ ဂိတ္ခ် ထားေသာ ျမန္မာစစ္တပ္မွ အတင္းအဓမၼပစၥည္းေတာင္းခံျခင္း၊ေငြေၾကး ေကာက္ခံျခင္း၊ ေသနတ္ေဖာက္ ရပ္တန႔္ ခိုင္းျခင္း၊ မရပ္ တန႔္ေသာစက္ေလွမ်ားအား ေသနတ္ျဖင့္ပစ္ခတ္ျခင္းတို႔ကို ျပဳလုပ္လ်က္ရွိေသာေၾကာင့္ ဒဏ္ရာရရွိသူမ်ား၊ အသက္ ဆုံးရႈံးသူမ်ားရွိကာ ျပည္သူလူထုသည္လည္း အေၾကာက္တရား၊ စိုးရိမ္ထိတ္လန႔္မႈ မ်ား ရွိေနသည္မွာ ပကတိအမွန္တရားတစ္ခုပင္ျဖစ္ၿပီး ယမန္ေန႔က ျဖစ္ပ်က္ခဲ့ေသာ ျဖစ္စဥ္ျဖစ္ရပ္အမွန္အား ထုတ္ျပန္အပ္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္”

