APM၊ ဩဂတ်စ် ၃/၂၀၂၂
စစ်တွေမြို့မှ ရာအိမ်မှူးတယောက်အား ဩဂတ်စ်၂ ရက်နိတွင် ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက် ခေါ်ဆောင် လားကြောင်း သတင်းများထွက်ပေါ်လာသည်။
ALP ၏ ဖမ်းဆီးခြင်းကို ခံရသူမှာ စစ်တွေမြို့ ၊ နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူးဖြစ်သူ ဦးဘစော(၅၀ နှစ်) ဖြစ် ပြီး သူ့ကို ဩဂတ်စ် ၂ ရက်နိ ညည့် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်ယူနီဖောင်းဝတ်ဆင်ထားသည့် ALP တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်က ALP မှ ဒုဗိုလ်မှူးကြီးဖြစ်သူ ခိုင်ပေါ်ထွန်းအား ULA/ AA မှ ဖမ်းဆီးရာတွင် ပါဝင် သည်ဟု မတရားစွပ်စွဲကာ ဖမ်းဆီးလားခခြင်းဖြစ်သည်ဟု ဒေသခံမျက်မြင်သက်သီများက ဆိုသည်။
အလားတူ ဩဂတ်စ် ၃ ရက်နိ မိုးထ ၉ နာရီအချိန်ခန့်ကလေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲသားနန့်တတူ ALP မှ စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ဆင်ထားသူများ ပူးပေါင်းအင်အား ၃၀ ခန့်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ဦးတင်ထွန်း၏ နီအိမ်သို့ အတင်းအဓမ္မဝင်ရောက်ကာ တအိမ်လုံးကိုမွှီနှောက်ရှာဖွီခပြီး အချေအဝတ်အစားများ ထည့်သည့် ပလပ် စတစ်ဗူး ၁ ဗူးအား ယူဆောင်လားခသည်ဟု ဦးတင်ထွန်းနန့် နီးစပ်သူများက ပြောသည်။
ယင်းဖြစ်စဉ်များနန့် ပတ်သက်၍ ALP မှ တာဝန်ဟိသူများအား မိန်းမြန်းရန် APMက အကြိမ်ကြိမ် ကြိုးစားဆက် သွယ်ခကေလေ့ လက်ဟိအချိန်ထိ ဆက်သွယ်၍ မရသိမ့်ပါ။
ယင်းအပြင် ဤရက်ပိုင်းများအတွင်း ALP တပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများကို နောက်ထပ်ဖမ်းဆီးမှုများလေ့ ဟိနီကြောင်း သတင်းများထွက်ပေါ်လျက်ဟိသည်။
(Zawgyi)
စစ္ေတြၿမိဳ႕မွ ရာအိမ္မႉး တေယာက္ကို ALP တပ္ဖြဲဝင္မ်ားက ဖမ္းဆီး
APM၊ ဩဂတ္စ္ ၃/၂၀၂၂
စစ္ေတြၿမိဳ႕မွ ရာအိမ္မႉးတေယာက္အား ဩဂတ္စ္၂ ရက္နိတြင္ ALP တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီး႐ိုက္ႏွက္ ေခၚေဆာင္ လားေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။
ALP ၏ ဖမ္းဆီးျခင္းကို ခံရသူမွာ စစ္ေတြၿမိဳ႕ ၊ နာဇီ႐ြာမီးေလာင္ကြင္းမွ ရာအိမ္မႉးျဖစ္သူ ဦးဘေစာ(၅၀ ႏွစ္) ျဖစ္ ၿပီး သူ႔ကို ဩဂတ္စ္ ၂ ရက္နိ ညည့္ ၈ နာရီခြဲအခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ယူနီေဖာင္းဝတ္ဆင္ထားသည့္ ALP တပ္ဖြဲ႕ဝင္ ၁၀ ေယာက္ခန႔္က ALP မွ ဒုဗိုလ္မႉးႀကီးျဖစ္သူ ခိုင္ေပၚထြန္းအား ULA/ AA မွ ဖမ္းဆီးရာတြင္ ပါဝင္ သည္ဟု မတရားစြပ္စြဲကာ ဖမ္းဆီးလားချခင္းျဖစ္သည္ဟု ေဒသခံမ်က္ျမင္သက္သီမ်ားက ဆိုသည္။
အလားတူ ဩဂတ္စ္ ၃ ရက္နိ မိုးထ ၉ နာရီအခ်ိန္ခန႔္ကေလ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊ ရဲသားနန႔္တတူ ALP မွ စစ္ေကာင္စီတပ္ ယူနီေဖာင္းဝတ္ဆင္ထားသူမ်ား ပူးေပါင္းအင္အား ၃၀ ခန႔္က စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္မွ ဦးတင္ထြန္း၏ နီအိမ္သို႔ အတင္းအဓမၼဝင္ေရာက္ကာ တအိမ္လုံးကိုမႊီေႏွာက္ရွာဖြီခၿပီး အေခ်အဝတ္အစားမ်ား ထည့္သည့္ ပလပ္ စတစ္ဗူး ၁ ဗူးအား ယူေဆာင္လားခသည္ဟု ဦးတင္ထြန္းနန႔္ နီးစပ္သူမ်ားက ေျပာသည္။
ယင္းျဖစ္စဥ္မ်ားနန႔္ ပတ္သက္၍ ALP မွ တာဝန္ဟိသူမ်ားအား မိန္းျမန္းရန္ APMက အႀကိမ္ႀကိမ္ ႀကိဳးစားဆက္ သြယ္ခေကေလ့ လက္ဟိအခ်ိန္ထိ ဆက္သြယ္၍ မရသိမ့္ပါ။
ယင္းအျပင္ ဤရက္ပိုင္းမ်ားအတြင္း ALP တပ္ဖြဲ႕ဝင္မ်ားက အျပစ္မဲ့ျပည္သူမ်ားကို ေနာက္ထပ္ဖမ္းဆီးမႈမ်ားေလ့ ဟိနီေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ဟိသည္။
