APM၊ ဩဂတ်စ် ၃/၂၀၂၂
ရက္ခိုင်ပြည်ကျောက်ဖြူမြို့ပေါ်တွင်စစ်ကောင်စီကပြည်သူများကိုအတင်းအကျပ်ဧည့်စာရင်းတိုင်ခိုင်းပြီး၊အိမ်ထောင် စုစာရင်းပါ လူဦးရေအလိုက် အဓမ္မငွေကြေးကောက်ခံနီကြောင်း မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့ ကလာဘာတောင်ရပ်ကွက်၊ မြကန်သာရွာသို့ ဂျူလိုင် ၂၆ ရက်နိ ညည့်က ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၂) တပ်ရင်းနန့် ခလရ (၃၄ ) တပ်ရင်းရို့က တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနန့် လဝက ဝန်ထမ်းများ ဝင်ရောက်၍ ရပ်ကွက်အုပ်ချုပ်ရီးမှုူးကို ခေါ်ယူကာ ဧည့်စာရင်းစစ်ဆီးပြီး အမျိုးသား ၁၈ ယောက်ကို ဖမ်းယူလားခကြောင်းသိရသည်။
ယင်းနောက် မြကန်သာရွာမှ ပြည်သူများအားလုံ ရပ်ကွက်အုပ်ချုပ်ရီးမှူးရုံးတွင် မဖြစ်မနီဧည့်စာရင်းတိုင်ရမည် ဖြစ်ပြီး၊ မတိုင်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခသည်ဟု ဆိုသည်။
ဧည့်စာရင်းတိုင်ကြားရာတွင်လေ့ အိမ်ထောင်စုစာရင်းပါ လူဦးရေအလိုက် တယောက်ကို ငွေ ၁၀၀၀ ကျပ်စီ အဓမ္မ ငွေကြေးကောက်ခံနီကာ ကိုယ်ဝန်ဆောင်များဆိုလျှင် အမိအတွက် ၁၀၀၀၊ ဝမ်းထဲက အချေအတွက် ၅၀၀ စုစုပေါင်း ငွေကျပ် ၁၅၀၀ စီ ပီးဆောင်နီရသည်ဟု ဆိုသည်။
မြကန်သာရွာတွင် အိမ်ခြီ ၂၀၀ ခန့်ဟိပြီး ကုန်ခသည့် ၁၈ နှစ်ခန့်မှ စ၍ နီထိုင်လာခြင်းဖြစ်ကာ လက်ဟိတွင် ကျူးကျော်ဟုဆိုပြီး ဧည့်စာရင်း တိုင်ကြားနီရခြင်းဖြစ်ကြောင်းသိရသည်။
ဤကိစ္စနန့်စပ်လျဉ်း၍ ရပ်ကွက်အုပ် ချုပ်ရီးမှူးအား APM က ဆက်သွယ်မိန်းမြန်းရန်ကြိုးစားကေလေ့ ဆက်သွယ် မရခပါ။သို့သော်နိရဉ္ဇရာသတင်းဌာနနန့်အိန်တာဗျူးတခု၌ယင်းကလာဘာတောင်ရပ်ကွက်ချုပ်ရီးမှူးက “ရဲစခန်းသို့ လားလာရ၊ စစ်သားတိလာကေလေ့ နောက်ကလိုက်ရ၊ လော်စပီကာငှားပြီးကေ ဧည့်စာရင်းတိုင်ဖို့ ကြေ ညာရစွာတိ ကြောင့် ငွေကြေးအကုန်အကျများလို့ ယင်းဖဲသာကို ကောက်ခံရစွာဖြစ်တေ”ဟု ဖြေဆိုထားသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်အနှံတွင် ဧည့်စာရင်း စစ်ဆီးမှုများကို အကြောင်းပြပြီး ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲဝင်များကို ရှာဖွီမှုများ၊ ULA/AA ဆက်စပ်သံသယဟိသူရို့၏ အိမ်များကို ဝင်ရောက် မွှီနှောက်ရှာဖွီမှုများနန့် ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လျက်ဟိကြောင်း သိဟိရသည်။
(Zawgyi)
ကျောက်ဖြူမှာ စစ်ကောင်စီက အတင်းအကျပ် ဧည့်စာရင်းတိုင်ခိုင်းပြီး အဓမ္မငွေကြေးကောက်ခံနီဟု ဆို
APM၊ ဩဂတ်စ် ၃/၂၀၂၂
ကျောက်ဖြူမြို့ ကလာဘာတောင်ရပ်ကွက်၊ မြကန်သာရွာသို့ ဂျူလိုင် ၂၆ ရက်နိ ညည့်က ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၂) တပ်ရင်းနန့် ခလရ (၃၄ ) တပ်ရင်းရို့က တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနန့် လဝက ဝန်ထမ်းများ ဝင်ရောက်၍ ရပ်ကွက်အုပ်ချုပ်ရီးမှုးကို ခေါ်ယူကာ ဧည့်စာရင်းစစ်ဆီးပြီး အမျိုးသား ၁၈ ယောက်ကို ဖမ်းယူလားခကြောင်းသိရသည်။