
APM ၊ ဂျူလိုင် ၃ / ၂၀၂၃
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ဂျူလိုင် ၂ ရက်နိကကျင်းပသည့် ဒိုင်းမွန်းလိဂ် မီတာ ၄၀၀ အဗြီးပြိုင်ပွဲ၌ နော်ဝေးနိုင်ငံသား ခရစ္စတန် ဘာရဟုမ်းအနိုင်ရဟိလားကြောင်းသိရသည်။
အိုလံပစ်ချန်ပီယံ ခရစ္စတန်သည် အဆိုပါမီတာ ၄၀၀ အဗြီးပြိုင်ပွဲတွင် ၄၇.၅၇ စက္ကန့်နန့် အနိုင်ရပန်းဝင်ခပြီး လွန်ခသည့် ၂ နှစ်က တိုကျိုအိုလံပစ်တွင် စံချိန်တင်ထားသည့် ၎င်း၏ ၄၅.၉၄ စက္ကန့် ကမ္ဘာ့စံချိန်ထက် ကျော်လွန်ခကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲ၌ ဆန္ဒပြသူလူ ၃ ယောက် ၄ ယောက်လောက်က ဆိုင်းဘုတ်ကိုဆန့်တန်းခြင်း၊ ဗြီးလမ်း၌ ဒူးထောက်ထိုင် ခြင်းများကိုပြုလုပ်ကာ ပြိုင်ပွဲဝင်များအား နှောက်ယှက်ခကတ်သည်ဟု သိရသည်။
ယင်းကိစ္စနန့်ပက်သတ်၍ နော်ဝေးကြယ်ပွင့် ခရစ္စတန်က နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန NRK သို့ ပြောကြားရာတွင် “ယင်းဆန္ဒပြမှု တိစွာ အားကဇတ်သမားတိနန့်၊ သူရို့၏အလုပ်ကို မလေးမစားလုပ်စွာဖြစ်ပါရေ” ဟုပြောကြားခသည်။
Source- Christian wins the Diamond League 400m freestyle/AP
Photo- Olympics
