
APM၊ ဂျူလိုင် ၃ / ၂၀၂၃
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ ယွန်းဆော့ယောနုတ်ထွက်ပီးရန် တောင်းဆိုသည့်အနီနန့် အလုပ်သမား ၅ သိန်းလောက် ပါဝင်မည့် ၂ပတ်ကြာ သပိတ်မှောက်မှုကို ဒေနိ (ဂျူလိုင် ၃ရက်နိ) မှစ၍ စတင်လိုက်ကြောင်း သိရသည်။
သမ္မတယွန်းဆော့ယောနုတ်ထွက်ရီးအတွက် ကိုရီးယားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(KUTC) ဦးစီးကာ သပိတ်မှောက်မှု ကို ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ ဒေနိတွင် ချောပို့ဝန်ဆောင်မှုနန့် အိမ်သုံးပစ္စည်း ပြုပြင်ရီးလုပ်ငန်းများမှ အလုပ်သမား ၃၀၀၀ လောက်က အလုပ်မဆင်းဘဲ ဆိုးလ်မြို့လယ်ဟိ ဂွမ်ဟွာမန်ရင်ပြင်သို့ လားရောက်စုဝေးကာ သပိတ် မှောက်မှုကို စတင်လိုက်ခြင်းဖြစ်သည်။
ယင်းနောက် လာမည့် ဂျူလိုင် ၅ ရက်နိတွင် ဆိုးလ်၊ ဒေဂူး၊ ဘူဆန်၊ ဂွမ်ဂျူးမြို့နန့် ဂျေဂျူးကျွန်းတောင်ပိုင်းရို့၌ အလုပ်သမား သိန်းချီကာ သပိတ်မှောက်လားမည်ဖြစ်ပြီး၊ ဂျူလိုင် ၆ ရက်၊ ၈ ရက်နိရို့တွင်လေ့ ဆိုးလ်မြို့ဟိ ဆမ်းရီမန်ဂိတ် နန့် ရိယိုရီဒို ပန်းခြံများ၌ အလုပ်သမားထုစုဝေးကာ သပိတ်မှောက်ပွဲကို ပြုလုပ်လားမည်ဟု KUTC က ဆိုသည်။
ဂျူလိုင် ၁၂ ရက်နိတွင်တော့ သတ္တုတွင်းလုပ်သားများက အထွေထွေသပိတ်မှောက်ပွဲပြုလုပ်လားမည်ဖြစ်ပြီး ဂျူလိုင် ၁၃ ရက်တွင် ကျန်းမာရီးနန့် ဆီးဖက်ဆိုင်ရာဝန်ထမ်းများ၊ ရုံးဝန်ထမ်းများ စုဝေးကာ ဆန္ဒဖော်ထုတ်လားမည်ဖြစ်သည်။
အလားတူ နိုင်ငံတဝန်း၌ ဂျူလိုင် ၄ ရက်၊ ၇ ရက်၊ ၁၁ ရက်၊ ၁၄ ရက်နန့် ၁၅ ရက်ရို့တွင် သမ္မတနုတ်ထွက်ရီးတောင်းဆိုသည့် လူထုစုဝေးပွဲသပိတ်နန့် ဖယောင်းတိုင်မီးချီတက်ပွဲများ ပြုလုပ်လားမည်ဟုလေ့သိရသည်။
သမ္မတ ယွန်းဆော့ယောအစိုးရသည် တပတ်အတွင်း ပျမ်းမျှအလုပ်ချိန် ၆၉ နာရီအထိ အလုပ်လုပ်ခွင့်ပြုရန် အစီအစဉ်ကို အဆိုပြုရာမှ နိုင်ငံတဝန်းအလုပ်သမားများနန့် လူငယ်များအကြား ပြင်းထန်သည့် ကန့်ကွက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ဆန္ဒပြမှုများကို တုံ့ပြန်ရန် ရဲတပ်ဖွဲ့ဝင် ၉၃၀၀ လောက်ကို တပ်ဖြန့်ချထားရီး အစိုးရက စီစဉ်ထားကြောင်း သိဟိရ သည်။
Source – Half million workers set for two-week nationwide strike against President Yoon
Photo – Reuters
