APM ၊ ဂျူလိုင် ၃ / ၂၀၂၃
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ဘောလုံးပြိုင်ပွဲကို အင်ဒိုနီးသျှားနိုင်ငံ၊ ပလမ်ဘန်းမြို့၌ ဂျူလိုင် ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်လားမည်ဖြစ်ကြောင်းသိရသည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အုပ်စု ၃ စုခွဲထားပြီး အုပ်စု ၃ ခုထဲမှ အုပ်စုပထမရ ၃ သင်းနန့် အကောင်းဆုံးအုပ်စု ဒုတိယရ ၁ သင်း၊ စုစုပေါင်း ၄ သင်းဆီမီးဖိုင်နယ်သို့တက်ရောက်မည်ဟုဆိုသည်။
အုပ်စုမဲခွဲမှုအရ အုပ်စု (က)တွင် အိမ်သျှင်အင်ဒိုနီးသျှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းရို့ကျရောက်နီပြီး အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးသျှား၊ စင်ကာပူအသင်းရို့ ကျရောက်နီကာ မြန်မာအသင်းကတော့ အုပ်စု (ဂ) တွင် ထိုင်း၊ ဖိလစ်ပိုင် အသင်းရို့နန့် ရင်ဆိုင်ကဇတ်ရမည်ဖြစ် သည်။
မြန်မာ့လက်ရွီးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ပြိုင်ပွဲဝင်ရန် ဒေနိ(ဂျူလိုင် ၃ ရက်နိ) မိုးထက အင်ဒိုနီးသျှားသို့ ထွက်ခွာ လားပြီး ဂျူလိုင် ၈ ရက်နိတွင် ဖိလစ်ပိုင်၊ ဂျူလိုင် ၁၀ ရက်နိတွင် ထိုင်းအသင်းရို့နန့် ယှဥ်ပြိုင်ကဇတ်ရမည် ဖြစ်ကြောင်း သိ ရသည်။
Source- The ASEAN Women’s U-19 Tournament will be held from July 5th to the 17th/MFF
Photo-Twitter