APM ၊ ဂျူလိုင် ၃ / ၂၀၂၃
ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) မှ အ မှတ်စဉ် (၃) မှ အရာဟိလိကျင့်ရီးသင်တန်း သင်တန်း သူ/ သင်တန်းသားများအား အရာဟိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကိုရက္ခိုင်ပြည်တွင် ကျင်းပပြုလုပ်ပြီးစီး ကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ(ဂျူလိုင် ၃ ရက်နိ) တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ “ရက္ခိုင့်တပ်တော်၊ အရာဟိလိကျင့်ရီးသင်တန်း အ မှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလ (၁) ရက်နိ မှ စ၍ သင်တန်းသူ၊ သင်တန်းသား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခပြီး ၂၀၂၃ ခုနှစ်၊ ဂျုန်လ (၁၉) ရက်နိ တွင် အရာဟိလောင်းအဖြစ် အသိ အမှတ်ပြုအခမ်းအနားကို ပြုလုပ်ခသည်” ဟု ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်၊ အရာဟိလောင်းလိကျင့်ရီးသင်တန်း အမှတ်စဉ် (၁) နန့် အမှတ်စဉ် (၂) ရို့အား မဟာမိတ် ကချင်ပြည်တွင် လိကျင့်ပြုလုပ်နိုင်ခပြီး အမှတ်စဉ် (၃) အား ရက္ခိုင်ပြည်တွင် ဖွင့်လှစ်နိုင်ခခြင်းဖြစ်ကာ အ မှတ်စဉ် (၃) သင်တန်းသည် ရက္ခိုင်ပြည်တွင် ပထမဆုံးပြုလုပ်သော အ ရာဟိလိကျင့်ရီး သင်တန်းဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်က ဆိုသည်။
“ရက္ခိုင့်တပ်တော် အရာဟိလိကျင့်ရီးသင်တန်းကျောင်းအား (၉) နှစ် မြောက်၊ ရက္ခိုင့်တပ်တော်နီဖြစ်သော ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နိတွင် သင်တန်းသူ၊ သင်တန်းသား ၁၃၈ ယောက်ဖြင့် ကချင်ပြည်တွင် စတင်ဖွင့်လှစ်ခပါသည်။ အနာဂတ် ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရီး၊ လက်ရုံးရည်၊ နှလုံး ရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ဂေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရီး စသည့်ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးစကတည်း ကပင် အစဉ်တစိုက်လုပ်ဆောင်လာခပါသည်” ဟုလေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယေကေလေ့ စစ်ရီး၊ နိုင်ငံရီး၊ ကပ်ရောဂါအခြေအနီများကြောင့်မျှော်မှန်း ချက်ထားသော အနီအထားသို့ ပြည့်မီစွာ ရောက်ဟိနိုင်ခြင်း မဟိခကေလေ့ အရာဟိလောင်းများ ထွက်ပေါ်လာရီးကဏ္ဍကို အခွင့်ရလျှင်ရပိုင် တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်လျက်ဟိကြောင်း ၊ အရာဟိဖြစ်သင်တန်း အမှတ်စဉ် (၄) ကိုလေ့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်လားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ၊ ပြည်သားများကို အသိပီးလားမည်ဖြစ် ကြောင်းနန့် တိုင်းပြည်တာဝန် ထမ်းဆောင်လိုကတ်သောသူများ၊ အနာဂတ် ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကတ် သောသူများ လူငယ်၊ လူရွယ်များအနီနန့် နီးစပ်ရာ စစ်ဒေသများမှတဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရီး၊ ကာကွယ်ရီးနန့် တည်တံ့ရီးလုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်းလေ့ ရက္ခိုင့်တပ်တော် AA ၏ ဒေနိထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
Photo – AA Info Desk