APM၊ ဂျူလိုင် ၃/၂၀၂၂
မင်းပြားမြို့နယ်အခြီစိုက် စစ်ကောင်စီတပ် တိုင်းဗဟို(၉) နားတွင် ဒေနိ (ဂျူလိုင် ၃ ရက်နိ) မွန်းလွဲ ၃ နာရီ လောက်က မိုင်းတလုံးပေါက်ကွဲ၍ ဒေသခံချင်းလူငယ်တယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရလားခကြောင်း သိရသည်။
ဒဏ်ရာရလားလူမှာ မင်းပြားမြို့နယ်၊ အထက်ခချီးမြောင်ရွာက ကိုမောင်လှထွန်း(၂၈နှစ်)ဖြစ်ပြီး၊ တိုင်းဗဟို(၉) အနားမှာ သစ်ကွက်လားရှာရာမှ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကိုမောင်လှထွန်း၏ ခြီထောက်များ၌ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရလားပြီး၊ မင်းပြား ဆီးရုံသို့ ပို့ဆောင်ထားကြောင်း ရွာသားများက ပြောသည်။
ပြီးခသည့် ဖေဖော်ဝါရီ ၈ ရက်နိကလေ့ မင်းပြားမြိုနယ်၊ မင်းပုန်းတောင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ခပြီး အနီး အနားဟိ သလူချောင်းရွာမှ ဦးမောင်သန်းထွန်း(၅၂နှစ်) သီဆုံးလားခသိမ့်သည်။
ယင်းနည်းတူ ရက္ခိုင်ပြည်အတွင်း မင်းပြားအပါအဝင်မြို့နယ်များ၌ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပေါ် လျက်ဟိပြီး လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွား သီဆုံးမှုများ၊ အရပ်သားများ၏ ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုံးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ဟိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလေ့ ပြည်သူတိအနီနန့် မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးယှုံးခြင်းနန့် အသက်အန္တရာယ်ဆုံးယှုံးခြင်းများမဖြစ်စီရန် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့် နီးစပ်သော နီရာများသို့ လုံးဝ မလားလာကတ်ဖို့ အကြိမ်ကြိမ် သတိပီးတိုက်တွန်းထားကြောင်း သိဟိရပါသည်။
(Zawgyi)
မင်းပြား၊ တိုင်းဗဟို(၉)အနားတွင် မိုင်းပေါက်ကွဲ၍ ဒေသခံတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရ
APM၊ ဂျူလိုင် ၃/၂၀၂၂