
APM ၊ မေ ၃/၂၀၂၃
လာမည့် ဂျုန် ၅ ရက်နိမှ ၈ ရက်နိအတွင်း ဘင်္ဂလားပင်လယ်အော်အရှိအလယ်ပိုင်း၊ အရှိတောင်ပိုင်း နန့် ယင်းနနန့်ဆက်စပ် လျက်ဟိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရို့တွင် လီဖိအားနည်းရပ်ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်လာနိုင် ခြေဟိကြောင်း မိုးလီဝသနန့် ဇလဗေဒဦးစီးဌာန (မိုး/ဇလ)က ဒေနိ(ဂျုန် ၃ ရက်နိ) နိခင်း ၂ နာရီအချိန်တွင်ထုတ်ပြန်သည်။
မိုး/ဇလ၏ထုတ်ပြန်ချက်၌ “ဒေနိ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဂျုန် ၅ ရက်နန့် ၈ ရက်နိအတွင်း ဘင်္ဂလားပင်လယ်အော်အရှိအလယ်ပိုင်း၊ အရှိတောင်ပိုင်းနန့် ယင်းနန့်ဆက်စပ်လျက်ဟိသော ကပ္ပလီပင်လယ်ပြင် မြောက် ပိုင်းရို့တွင် လီထုမငြိမ်မသက်မှုဖြစ် ပေါ်ရာမှ လီဖိအားနည်းရပ်ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်လာနိုင်ခြေဟိ ကြောင်း ခန့်မှန်း ရပါသည်” ဟု ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၎င်း လီဖိအားနည်း ရပ်ဝန်းကြောင့် ကပ္ပလီပင်လယ်ပြင် နန့် ဘင်္ဂလား ပင်လယ် အော်ရို့တွင် မုတ်သုံလီ အားကောင်းလာနိုင်ပြီး ဂျုန် ၅ ရက်နိမှ ဂျုန် ၈ ရက်နိအတွင်း ရက္ခိုင်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ သျှမ်းပြည် (တောင်ပိုင်း နန့် အရှိပိုင်း)၊ ချင်းပြည်၊ ၊ ကယားပြည်၊ ကရင်ပြည် နန့် မွန်ပြည်ရို့တွင် နီရာအနှံအပြား မိုးကြီးနိုင်ကြောင်းလေ့ မိုး/ထလ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် မြန်မာကမ်းရိုးတန်းတလျှောက် နန့် ကမ်းလွန်ပင်လယ်ပြင်ရိုတွင်လေ့ တခါတရီ မိုးသက်လီပြင်းများကျရောက် ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လီပြင်းကျရောက်စဉ် ရီပြင် /မြီပြင်လီသည် တနာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်ခန့် အထိ တိုက် ခတ်နိုင်သည်ဟုဆိုသည်။
အလားတူ ယင်းလီဖိအားနည်းရပ်ဝန်းကြောင်း လီပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရီကြီးခြင်း နန့် အတူ မြီပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကုန်းမြင့်ဒေသအနားတွင် နီထိုင်ကြသူများအနီနန့် မြီပြိုမှု အန္တရာယ်၊ မြန်မာ့ ကမ်းရိုးတန်းတလျှောက် နန့်မြစ် ချောင်းငယ်များအနားတွင် နီထိုင်ကြသူများအနီနန့် ရီကြီးမူ ၊ ရီလျှံမူများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်သတိပြုယှောင်ယှားကတ်ရန်လေ့ မိုး/ဇလ၏ ထုန်ပြန်ချက်တွင် သတိပီးဖော်ပြထားသည်။
Photo- မိုး/ဇလ
