
APM၊ ဂျုန် ၃ / ၂၀၂၃
ဂျပန်ကျွန်းစုတောင်ဖက်တွင် Mawar အပူပိုင်းမုန်တိုင်း ဖြတ်ကျော်မှုကြောင့်နိုင်ငံ့၏နီရာအနှံ့အပြားတွင်ဂျုန် ၂ရက်နိမှစ၍ မိုးပြင်းပြင်းထန်ထန်ရွာသွန်းပြီး အာဏာပိုင်များက အရေးပေါ်သတိပီးချက်များ ထုတ်ပြန်ထားသည်။
Kyushu၊ Kansai နန့် Kanto ဒေသများအပါအဝင် ဂျပန်နိုင်ငံ၏ နီရာအနှံ့အပြားတွင် မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် ဒေသခံများအား ရီကြီးမှုနန့် မြီပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် သတိဟိကတ်ရန် အာဏာပိုင်များက တိုက်တွန်းသည်။
ရီကြီးမှုအတွင်း အိုကီနာဝါစီရင်စုတွင် လူ ၈ ယောက် ထိခိုက်ဒဏ်ရာရဟိခကာ ယင်းအထဲမှ ၁ ယောက် ဒဏ်ရာ ပြင်းထန်ပြီး နိုင်ငံတဝှမ်းဟိ လူ ၁.၃ သန်းနီးပါးကို ဖီးလွတ်ရာသို့ ရွှိပြောင်းရန် သတိပီးထားကြောင်း သဘာဝဖီး အန္တရာယ်အေဂျင်စီက ပြောကြားသည်။
ရီကြီးမှုကြောင့် ဂျုန် ၂ရက်နိ နိခင်းပိုင်းအထိ လီယာဉ်ခရီးစဉ် ၃၀၀ ကျော်နန့် ကူးတို့သင်္ဘောခရီးစဉ် ၅၂ ခုကို ဖျက်သိမ်းခရ ကာ Shin-Osaka ရထားလမ်းနန့် တိုကျိုကို ဆက်သွယ်ထားသည့် ရထားခရီးစဉ်များကို ရပ်နားခရကြောင်း သယ်ယူပို့ ဆောင်ရီးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရီကြီးမှုစိုးရိမ်ရ၍ အိုကီနာဝါမှ ကန်တိုဒေသအထိ စီရင်စု ၁၆ ခုဟိ ဆည် ၅၁ ခုမှ ရီများကို ဂျုန် ၂ရက်နိမှစကာ ထုတ်လွှတ် လိုက်ကြောင်းလေ့ မြီယာဝန်ကြီးဌာနက ကြေညာသည်။
ဂျပန်နိုင်ငံအနောက်ပိုင်းမှ မြောက်ပိုင်းအထိ ဧရိယာတဝန်းတွင် ဒေနိ ဂျုန် ၃ ရက်နိတွင် မိုးပြင်းပြင်းထန်ထန် ဆက်လက်ရွာ သွန်းမည်ဟု မိုးလီဝသအေဂျင်စီက သတိပီးထားကြောင်း သိဟိရသည်။
Source – Heavy rain lashes Japan as tropical storm passes south of archipelago
Photo – KYODO
