APM၊ ဂျုန် ၃/၂၀၂၂
မြောက်ဦးနန်းတော်ရာကုန်းက ရှေးဟောင်းရုပ်တုနှစ်ခု ဖျက်ဆီးခံမှုကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ (APA) က လေ့ စုံစမ်းစစ်ဆီးမှုများ ပြုလုပ်လျက်ဟိကြောင်း APA နန့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
မြောက်ဦးမြို့၊ နန်းတော်ရာကုန်းပေါ်ဟိ မြောက်ဦးခေတ်လက်ရာ ရုပ်တုများဖြစ်သော ဓက္ကားမင်း (ခေါ်) အဖိုးသျှင်နတ်မောင်နန့် မြောက်ဦးနန်းသူ ဂမှုံးဖြူ ရုပ်တုရို့ကို ဂျုန် ၁ ရက်နိ ညည့်က နာမည်မသိလူတချို့က ဖျက်ဆီးပစ်ခခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရှေးဟောင်းရုပ်တုများကို ဖျက်ဆီးခြင်းမှာ လက်ခံနိုင်စရာကိစ္စရပ်မဟုတ်ကြောင်းနန့် ယင်းရုပ်တုများ အား ဖျက်ဆီးခသူများကို APA မှ စုံစမ်းဖော်ထုတ်နီသည်ဟု APA နန့် နီးစပ်သူ တယောက်က APM သို့ ပြောကြားသည်။
“ဒေကိစ္စကို ဇာသူက၊ ဇာရည်ရွယ်ချက်နန့်ပင် လုပ်လုပ် လက်ခံနိုင်စရာ အကြောင်းမဟိပါ။ APA ဖက်ကလေ့ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းနီရေလို့ သိရပါရေ”ဟု ယင်းပုဂ္ဂိုလ်က ဆိုသည်။
ယင်းနတ်ရုပ် နှစ်ရုပ်ကို မြောက်ဦးနန်းတော်ရာကုန်း ဒုတိယအထပ်တွင် သံဇကာများနန့် ခြံခတ်ကာရံထားခြင်းဖြစ်ပြီးမသမာသူများက ခြံစည်းရိုးကိုကျော်တက်ကာ နတ်ရုပ်များ၏ မျက်လုံးများနန့် နှာခေါင်းများကို ဖျက်ဆီး ပစ်ခခြင်းဖြစ်သည်။
မြောက်ဦးအမွီအနှစ်ထိန်းသိမ်းစောင့်ယှောက်ရီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကလေ့ “အဆောက်အအုံဆောက်လုပ်ပြီး စနစ်တကျ ထိန်းသိမ်းစောင့်ယှောက်ထားသည့်ကြားက ယင်းရုပ်တုနှစ်ခု ဖျက်ဆီးခံလိုက်ရခြင်းမှာ ယဉ်ကျေးမှု အမွီအနှစ်များကို ခြိမ်းခြောက်မှု ပေါင်းစုံ ဟိနီကြောင်း နန့် လုံခြုံမှုမဟိကြောင်း ဖော်ပြနီခြင်း”ဟု ပြောဆိုသည်။
ဒေါ်ခင်သန်း က “မြောက်ဦးဒေသကို ယူနက်စကိုဝင်ရောက်နိုင်ရီးကြိုးပမ်းနီချိန်မှာ အဂုပိုင် ရှေးဟောင်းရုပ်တုများ ဖျက်ဆီးခံလိုက်ရခြင်းမှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စ”အဖြစ် ညွှန်းဆိုလိုက်ပြီး၊ “ဒေသခံပြည်သူများအနီနန့် ရှေး ဟောင်းအမွီအနှစ်များကို စနစ်တကျထိန်းသိမ်းကာကွယ်စောင့်ယှောက်ရီးတွင် အမျိုးသားရီးတာဝန်တရပ်အဖြစ် ပူးပေါင်းပါဝင်ကတ်ဖို့”လေ့ ဆိုပါသည်။
မြောက်ဦးဒေသကို ကမ္ဘာ့အမွီအနှစ်စာရင်း (ယူနီစကို)ဝင်ရောက်နိုင်ရီး အဆိုပြုလွှာ(မူချော)ကို ၂၀၂၁ ခုနှစ်၊ ဒီဇမ် ဘာ ၃၀ ရက်နိက တင်သွင်းထားပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် ယူနီစကို ဝင်/မဝင် ဆုံးဖြတ်မည်ဟု သိဟိရသည်။


