APM၊ ဂျုန် ၃/၂၀၂၂
မြန်မာပြည်အပေါ်အကြည်အညိုပျက်စီမှုပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားသော ပလက်ဝမှ ဦးတင်ထွန်းအောင်၏အယူခံအမှုကို လာမည့်(ဂျုန် ၁၇ရက်နိ) ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု တရားရုံး က ဆိုကြောင်း အစ်ကို ဖြစ်သူ ဦးမင်းအောင်က ပြောပြသည်။
Western News သတင်းဌာနမှာ “ပလက်ဝအခြီစိုက် ခလရ(၂၈၉)တင်ရင်းတွင် အလံဖြူထောင်ထားသည်”ဟု ဦးတင်ထွန်းအောင် အိန်တာဗျူးဖြေခသည့်အတွက် ဧပြီ ၅ ရက်နိက ပလက်ဝမြို့နယ်တရားရုံးမှ သူ့ကို အလုပ် နန့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ထားပြီး တရားရုံး၏ စီရင်ချက်အပေါ် ကျေနပ်မှုမဟိ၍ မိသားစုဝင်များ က ဧပြီ ၂၉ ရက်နိမှာ မတူပီခရိုင်တရားရုံးသို့ အယူခံထားခြင်း ဖြစ်သည်။
ဒေနိ(ဂျုန် ၃ ရက်နိ) ရုံးချိန်း ခရိုင်တရားရုံး၌ ယင်းအမှုကို နှစ်ဖက်ရှိနီများက အပြီးသတ်လျှောက်လဲခကတ်ပြီး လာမည့် ဂျုန် ၁၇ ရက်နိတွင် ခရိုင်တရားရုံးက အပြီးသတ်အမိန့်ချရန် ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များ က ဆိုသည်။
ဦးတင်ထွန်းအောင်၏အစ်ကို ဦးမင်းအောင်က “ဒေနိ နှစ်ဖက်လျှောက်လဲချက် တင်ပါရေ။ နောက်ထပ် ဂျုန် ၁၇ ရက်နိကို ထပ်လို့ ရုံးချိန်းထားစွာပါ။ ယင်းနိမှာ အမိန့်ချပါဖို့”ဟု ဒေသမီဒီယာများသို့ ပြောကြားသည်။
Western News မှာ အိန်တာဗျူးမှုနန့် ပတ်သက်၍ ကုန်ခသည့်၂၀၂၁ ခုနှစ်၊ဒီဇမ်ဘာ ၂၈ ရက်နိမှာ စစ်ကောင်စီ တပ်နန့် ရဲတပ်ဖွဲ့ဝင်များက ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခခြင်း ဖြစ်သည်။
ယင်းနောက် သူ့ကို ပုဒ်မ ၅ဝ၅(က)နန့် ခလရ(၂၈၉)တပ်ရင်းက ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်၍ ပလက်ဝမြို့နယ်တရားရုံး၌ ကနဦး တရားစွဲဆိုခပြီး၊ ဥပဒေနန့်မညီ တရားမျှတမှု ကင်းမဲ့စွာ ပလက်ဝမြို့နယ် တရားရုံးက သူ့ကို အလုပ်နန့်ထောင်ဒဏ် ၃ နှစ် တဖက်သတ် အမိန့်ချမှတ်ခသည်။ လက်ဟိတွင် ဦးတင်ထွန်းအောင်သည် စစ်တွေအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနီရပြီး ၂ လကြာသည်အထိ မိသားစုဝင်များကို ထောင်ဝင်စာတွိခွင့် မပီးသိမ့်ကြောင်း သိရသည်။
