
APM ၊ မေ ၃ / ၂၀၂၃
စစ်တပ်နန့် အရံတပ်ဖွဲ့ရို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနီကတ်သည့် ဆူဒန်နိုင်ငံတွင် ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရန် မူအားဖြင့် နှစ်ဖက်သဘောတူလိုက်ကတ်ကြောင်း တောင်ဆူဒန်အစိုးရက မေ ၂ ရက်နိတွင် ထုတ်ပြန်သည်။
ဆူဒန်ပဋိပက္ခတွင် တောင်ဆူဒန်အစိုးရ၏ ကြားဝင်ညှိနှိုင်းပီးမှုအရ မေ ၄ ရက်နိကနီ ၁၁ ရက်နိအထိ ၇ ရက်ကြာ အပစ်ရပ်ရန် နှစ်ဖက်ဂေါင်းဆောင်များ သဘောတူခကတ်ခြင်းဖြစ်သည်ဟု တောင်ဆူဒန် နိုင်ငံခြားရီးဝန်ကြီးဌာနက ဆိုသည်။
တောင်ဆူဒန်သမ္မတ Salva Kiir က အပစ်အခတ်ရပ်စဲရီး ပိုမိုတာရှည်ရန် အရေးကြီးကြောင်းပြောကြားသည်။
အပစ်အခတ် ရပ်စဲပြီး နှစ်ဖက်စလုံးက ပစ်ခတ်ခြင်းနန့် စစ်ရီးလှုပ်ယှားမှုများမပြုလုပ်ရန် သဘောတူထားသည်ဟုလေ့ ၎င်းက ဆိုသည်။
ယခင်ကလေ့ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရီးများ ပြုလုပ်ခကေလေ့ သဘောတူညီချက်များ ပျက်ပြယ်ခရသည်။
လက်ဟိ အချိန်ထိ နှစ်ဖက်စလုံးက ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားကေလေ့ ဆွေးနွေးပွဲများဖြစ် မြောက်ရန် အတွက် အကန့်အသတ်များ ဆက်ဟိနီဆဲဖြစ်သည်။
ဆူဒန်နိုင်ငံတွင် စစ်တပ်နန့် အရံတပ်ဖွဲ့ (RSF) အကြား တိုက်ပွဲများကြောင့် ပြီးခသည့် ဧပြီ ၁၅ ရက်နိမှ ၂၇ ရက်နိအထိ သီဆုံး လူ ၅၂၈ ယောက်ဟိပြီး ဒဏ်ရာရ လူပေါင်း ၄,၅၉၉ ယောက်ဟိလာကြောင်း ဆူဒန်ကျန်းမာရီးဝန်ကြီးဌာနက ထုတ်ပြန်ခသည်။
ယင်းအပြင် ဆူဒန်စစ်ပွဲကြောင့် လူပေါင်း ၁သိန်းခန့် နိုင်ငံစွန့်ခွာ ထွက်ဗြီးခရကြောင်း ကုလသမဂ္ဂက မေ ၂ရက်နိတွင် ပြော ကြားထားသည်။
Source – Sudan’s warring sides ‘agree seven-day ceasefire’
Photo – Reuters
