APM ၊ မေ ၃ / ၂၀၂၃
မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်ကာလအတွင်းစစ်ကောင်စီက သတင်းသမား ၁၅၆ ယောက်ကို ဖမ်းဆီးပြီး ၄ ယောက်ကိုသတ်ဖြတ်ခသည်ဟု Detained Journalists Information Group က ထုတ်ပြန်သည်။
ဖမ်းဆီးခံထားရသည့် သတင်းသမားများတွင် တရားစွဲခံ ထားရသူ ၁၀၆ယောက်ဟိပြီး၎င်းရို့မှာနိုင်ငံတော်အကြည်ညိုပျက် စီမှု၊ မတရားသင်းဆက်သွယ်မှု အပြင် အခြားကြီးလေးသည့် ပုဒ်မများဖြင့် တရားရင်ဆိုင်နီကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နိမှစ၍ မြန်မာပြည်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကင်းမဲ့ခြင်းနန့်အတူ သတင်းမီဒီ ယာသမားများ၊သတင်းဌာနများသည်လည်း စစ်ကောင်စီ၏ အဓိက ပစ်မှတ်များ ဖြစ်လာခသည်။
ယင်းအပြင် ရက္ခိုင်သတင်းဌာနများဖြစ်သည့် Narinjara၊ DMG၊ Western News ၊ Border News Agency ရို့အပါ အဝင် မြန်မာပြည်တွင်း Myanmar Now၊Mizzima၊DVB၊ ခေတ်သစ်စသည့် သတင်းဌာနပေါင်း ၁၇ ခုကို စစ်ကောင်စီက ထုတ် လုပ်ခွင့်လိုင်စင် ပိတ်သိမ်းခကြောင်းသိရသည်။
ယေဇူးနန့် သတင်းသမားများသည် ပြည်တွင်း၌ ပုန်းလျှိုး ကွယ်လျှိုးနီထိုင်၍ သတင်းအလုပ်များ လုပ်ကိုင်နီကတ်ရပြီး အ များစုမှာ တော်လှန်ရီး နယ်မြီများ၊ နယ်စပ်ဒေသများသို့ ထွက်ဗြီးတိမ်းယှောင်လျက် သတင်းအလုပ်များ ကို ခက်ခက်ခဲခဲ ရုန်းကန် လုပ်ကိုင်နီရ ကြောင်းသိရသည်။
Photo – AP