
APM ၊ မေ ၃ / ၂၀၂၃
ကလပ်အားအသိမပီးဘဲ မိသားစုနန့်အတူ ဆော်ဒီနိုင်ငံသို့ခရီးထွက်လားသည့် တိုက်စစ်မှူးမက်ဆီကို PSG အသင်းမှ နှစ်ပတ် တိတိ အသင်းလူစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
PSG တိုက်စစ်မှူး မက်ဆီသည် အဆိုပါခရီးစဥ်အတွက် နည်းပြခရစ္စတိုဖာဂါ်တီယာကိုမတိုင်ကြားခပိုင် အသင်းကိုလေ့ အသိ မပီးခသဖြင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ပြင်သစ်သတင်းစာများက ဖော်ပြသည်။
PSG အသင်းသည် မက်ဆီ၏လုပ်ရပ်အား စိတ်ပျက်နီကတ်ပြီး အသင်းအပေါ်လေးစားမှုမဟိဆိုကာ အဆိုပါ နှစ်ပတ်အတွင်း လစာငွေကိုလေ့ ဖြတ်တောက်လိုက်သည်ဟု သိရသည်။
မက်ဆီဖက်ကလေ့ လက်ဟိအချိန်အထိ PSG အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုထားပြီး ရာသီကုန်တွင် အသင်း ပြောင်းရွှိရန် ပြင်ဆင်နီသည်ဟု သိဟိရသည်။
Source-Striker Messi has been kicked out of the PSG team for 2 weeks.
Photo-Afrique Sports

