
APM၊ မေ ၃ / ၂၀၂၃
အစ္စရေးထောင်တွင် ဖမ်းဆီးခံနီရသည့် ပါလက်စတိုင်းအကျဉ်းသားတယောက်သည် ၃ လနီးပါး အစာငတ်ခံဆန္ဒပြပြီးနောက် မေ ၂ ရက်နိတွင် သီဆုံးလားခကြောင်း အစ္စရေးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။
သီဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ခါဒရ်အက်ဒ်နန် ဆိုသူဖြစ်ပြီး ၎င်းသည် ပြီးခသည့် ဖေဖော်ဝါရီ ၅ ရက်နိမှစ၍ ၈၇ ရက် ကြာ အစာငတ်ခံဆန္ဒပြနီခသည်။
အစ္စရေးက အက်ဒ်နန်အား အကြမ်းဖက်မှုကို ထောက်ပံ့ကူညီမှု၊ အကြမ်းဖက်အဖွဲ့နန့် ဆက်နွှယ်မှု၊ လှုံ့ဆော်မှုများနန့် စွပ်စွဲ ထားခြင်းဖြစ်သည်။
ပါလက်စတိုင်း အကျဉ်းသားများအသင်းက အက်ဒ်နန် သီဆုံးမှုသည် လုပ်ကြံသတ်ဖြတ်မှုဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး ၎င်း၏သီဆုံးမှုကို ကန့်ကွက်သည့်အနီနန့် အနောက်ဘက်ကမ်းဟိ အစ္စရေး Ofer စစ်အကျဉ်းထောင်မှ ပါလက်စတိုင်း အကျဉ်းသားများသည် အစာငတ်ခံဆန္ဒပြမှုများ ပြုလုပ်နီကြောင်း သိရသည်။
အလားတူ ပါလက်စတိုင်းနိုင်ငံရီးပါတီများကလေ့ အက်ဒ်နန်သီဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တရားရုံး များ၊ ကျောင်းများ၊ တက္ကသိုလ်များနန့် ဈီးဆိုင်များကို ပိတ်ပင်ခြင်းနန့်တတူ အထွေထွေသပိတ်ကို ကြေညာထားသည်။
ပါလက်စတိုင်း အကျဉ်းသားများအသင်း၏ အဆိုအရ အက်ဒ်နန်သည် ၂၀၀၄ ခုနှစ်မှစ၍ အနည်းဆုံး ၁၂ ကြိမ် ဖမ်းဆီးခံခရ ပြီး အုပ်ချုပ်ရီးဆိုင်ရာ ထိန်းသိမ်းမှုအောက်တွင် ထောင်ဒဏ် ၈ နှစ်ခန့် ချမှတ်ခံခရသည်။
အက်ဒ်နန်သည် ဖမ်းဆီးခံရမှုများအတွင်း အစာငတ်ခံဆန္ဒပြမှု (၅)ကြိမ် ပြုလုပ်ခပြီး ယင်းအထဲမှ အကြာဆုံးအစာငတ်ခံ ဆန္ဒ ပြမှုများအဖြစ် ၂၀၁၂ ခုနှစ်တွင် ၆၆ ရက်ကြာဆန္ဒပြခပြီး၂၀၁၅ခုနှစ်က ၅၅ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခသည်။
အစ္စရေး အကျဉ်းထောင်များတွင် ပါလက်စတိုင်း အကျဉ်းသား ၄,၉၀၀ ဟိပြီး ယင်းအထဲမှ အကျဉ်းသား ၁,၀၀၀ မှာ အုပ် ချုပ်ရီးဆိုင်ရာ ထိန်းသိမ်းမှုအောက်တွင် ချုပ်နှောင်ခံနီရကြောင်း ပါလက်စတိုင်း အကျဉ်းသားများအသင်းက ထုတ်ပြန် ထား သည်။
Source – Prominent Palestinian detainee Khader Adnan dies in Israeli prison after 87-day hunger strike
Photo – AP
