
APM၊ ဧပြီ ၃/ ၂၀၂၄
ရက္ခိုင်ပြည်တိုက်ပွဲတိအတွင်းက ထွက်ဗြီးလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်း လူထုတော်လှန်ရီးမဟာမိတ် (PRA-Magway) က ဧပြီ ၃ ရက်နိမာထုတ်ပြန်ပါရေ။
PRA-Magway စစ်ရီးလှုပ်ယှားရာ ဒေသနန့် နယ်နိမိတ်ချင်း ထိစပ်နီရေ ရခိုင်ဒေသမာ တိုက်ပွဲတိ ပြင်းထန်လို့ဟိပြီး စစ်ယှုံး လာရေ အကြမ်းဖက် စစ်ကောင်စီ တပ်သားတိရေ မကွေးတိုင်းနန့် နီးစပ်ရာ ဒေသတိကို ထွက်ဗြီးမှုတိဟိနီရေလို့ ဆိုပါရေ။
ယင်းပိုင်ထွက်ဗြီးတိမ်ယှောင်လာရေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တိအနက် တတက (၉) ကထွက်ဗြီးလာရေ ခလရ (၆၃) လက်အောက်ခံ စစ်ကောင်စီတပ်သား ၂ ယောက်ကို မာ့ချ် ၂ ရက်နိမာလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထွက်ဗြီးလာရေ ခမရ (၃၄၆) လက်အောက်ခံ စစ်ကောင်စီ တပ်သား ၄ ယောက်ကို ဧပြီလ ၁ ရက်နိမာ လည်းကောင်း PRA-Magwayက အရှင်ဖမ်းဆီး ရမိခရေလို့ ဖော်ပြထားပါရေ။
PRA (Magway) အနီနန့် လက်ဟိမာ စစ်ကောင်စီတပ်နန့် စစ်ဒေသတချို့မာ ရင်ဆိုင်တိုက်ပွဲဝင်နီပြီး စစ်သုံးစစ်တိုက်ဖျက်ရီးကို အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရပါရေ။
ယင်းကြောင့် မကွေး၊ ငဖဲမြို့နယ်အတွင်း အခြီစိုက်တေ စစ်ကောင်စီ လက်အောက်ခံ အခြီစိုက်တပ်ရင်းတိ၊ ကင်းစခန်းတိ၊ ဂိတ်တိက စစ်ကောင်စီ တပ်ဖွဲ့ဝင်တိအနီနန့် တော်လှန်ရီးအင်အားစုရို့နန့် ပူးပေါင်းကတ်ဖို့ တိုက်တွန်းထားပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ယန္တရားကို လည်ပတ်ပီးနီရေ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတိအပြင် ရပ်ရွာအုပ်ချုပ်ရီးမှူးတိနန့် စာရေးတိပါ နှုတ်ထွက်ကတ်ဖို့လည်း PRA-Magway က တိုက်တွန်းထားပါရေ။
Photo – PRA-Magway

