
APM ၊ ဧပြီ ၃ / ၂၀၂၄
ဧပြီ ၃ ရက်နိ မိုးထစောစောက မင်းပြားမြို့နယ်၊ မြစ်နားရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်လို့ အာရက္ခပြည်သူ ၃ ယောက်သီဆုံးကာ အချေတယောက်အပါအဝင် ၈ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရပါရေ။
သီဆုံးလားခရေ လူတိကတော့ မင်းပြားမြို့နယ်၊ မြစ်နားရွာက မသိန်းဦးစိုး (၂၃ နှစ်)၊မဆွေဆွေထွန်း (၂၈ နှစ်)နန့် ဒေါ်ဦးကြည်အေး (၄၈ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒေနိ မိုးထစောစော ၄ နာရီ ၄၀ မိနစ်မာ အကြမ်းဖက်စစ်ကောင်စီတပ်က မြစ်နားရွာထဲကို ဂျက်ဖိုက်တာနန့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခရေလို့ ရွာသားတိကပြောပါရေ။
ယင်းအထဲက ဗုံးသီး ၂ လုံး မြစ်နားရွာထဲက ဒေါ်ဦးကြည်အေး အိမ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲပနာ ဒေါ်ဦးကြည်အေးနန့် သမီးဖြစ်သူ မသိန်းဦးစိုး ရို့မာ နီရာမာပင် ဂွင်ချင်းသီဆုံးလားပနာ၊ မဆွေဆွေထွန်းမာလည်း ဒဏ်ရာပြင်းထန်လို့ ဆီးရုံအရောက် ဆီးကုသမှုခံယူနီချိန် သီဆုံးလားရေလို့ ဆိုပါရေ။
ယင်းအပြင် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်လို့ မောင်အောင်မျိုးခိုင် (၂ နှစ်)၊ မလှလှစော (၁၇ နှစ်)၊ မသန်းသန်းဆွေ (၂၄ နှစ်)၊ ဒေါ်လှသိန်းကြည် (၄၃ နှစ်)၊ ဦးလှမောင် (၄၆ နှစ်)၊ ဦးမောင်အောင်မြင့် (၅၀ နှစ်)၊ ဒေါ်လှသိန်းခိုင် (၅၄ နှစ်)နန့် ဦးကျော်လှဦး (၅၈ နှစ်)ရို့မာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခပါရေ။
အလားတူ ဒေါ်စောသာဖြူအိမ်၊ ဒေါ်မသန်းနုအိမ်၊ ဦးမောင်အောင်မြင့်အိမ်၊ ဒေါ်ဝင်းကြည်အိမ်၊ ဒေါ်ဦးဇံဖြူအိမ်၊ ဒေါ်ဦးမြရီအိမ်၊ ဒေါ်ဖြူမေနု အိမ်၊ ဦးသိန်းဌေး အိမ်ရို့လည်း ဗုံးသီးကျလို့ လုံဝ ပြိုပျက်လာယရေပိုင် ဦးသိန်းဌေး ပိုင်ဆိုင်ရေ စပါးတောင်း ၁၀၀၀ ကျော်ထည့်ထားရေ စပါးကျီတလုံးလည်း ပျက်စီးခပါသိမ့်ရေ။
လက်ဟိ ဒဏ်ရာရလားခရေလူတိစွာ အရေးပေါ်ဆီးကုသမှုခံယူနီရရေလို့ သိဟိရပါရေ။












