APM ၊ ဧပြီ ၃ / ၂၀၂၃
ရုသျှသည် ၎င်း၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုစ်နိုင်ငံ အနောက်ဖက်နယ်နိမိတ် အနားဟိ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်တွင် ထားဟိမည်ဟု ဘီလာရုစ်နိုင်ငံဆိုင်ရာ ရုသျှသံအမတ် Boris Gryzlov က ဧပြီ ၂ ရက်နိတွင် ပြောကြားလိုက်သည်။
ရုသျှသံအမတ်က နျူကလီးယားလက်နက်များလုံခြုံရီးအတွက် လှုပ်ယှားမှုတစိတ်တပိုင်းအဖြစ် ဘီလာရုစ်နန့် နေတိုးအဖွဲ့ ဝင်နိုင်ငံများ၏ နယ်စပ်သို့ ပြောင်းရွှိမည်ဖြစ်ပြီး၊ ဥရောပနန့် အမေရိကန်ရို့က ကန့်ကွက်မှုများ ဟိနီကေလေ့ လုပ်ငန်းစဉ် အတိုင်းရာ လုပ်ဆောင်လားမည်ဟု ဘီလာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ပြောကြားခသည်။
အဆိုပါ နျူးကလီးယားလက်နက်များကို ဘဲလားရုစ်နန့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လစ်သူရေးနီးယား၊ လတ်ဗီးယား နန့် ပိုလန်နိုင်ငံရို့၏ နယ်စပ်တလျှောက်တွင် ထားဟိမည်ဖြစ်ပြီး လက်နက်ဂိုဒေါင်တခုကို လာမည့် ဂျုန်လိုင် ၁ ရက်နိ၌ အပြီး သတ်ဆောက်လုပ်မည်ဖြစ်ကြောင်း Gryzlov မှ ဆက်လက်ပြောကြားသည်။
ရုသျှသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်တွင် နည်းဗျူ ဟာမြောက်နျူကလီးယားလက်နက်များ တပ်ဆင်လားမည်ဟု ပြီး ခသည့် မာ့ချ် ၂၅ ရက်နိက ကြေညာခသည်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုကလေ့ အနောက်နိုင်ငံများ၏ခြိမ်းခြောက်မှုများမှကာကွယ်ရန် ရုသျှပိုင် နျူးက လီးယားလက်နက်များကို ဘီလာရုစ်အတွင်း ဖြန့်ချထားမည်ဟု မာ့ချ် ၃၁ရက်နိက ၎င်း၏ နိုင်ငံတော်မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားခသည်။
အဆိုပါနိုင်ငံတော်မိန့်ခွန်း၌ဘီလာရုစ်သမ္မတကအနောက် နိုင်ငံများက အိမ်နီးချင်းပိုလန်နိုင်ငံမှတဆင့် ဘီလာရုစ်အပေါ် ကျူးကျော်ကာ နိုင်ငံကိုဖျက်ဆီးမည့် အစီအစဉ် ပျင်ဆင်နီကြောင်းနန့် လိုအပ်လာပါက သမ္မတပူတင်နန့် တတူ ၎င်း၏ နိုင်ငံနန့် လူမျိုးကို ကာကွယ်လားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
Source – Russia to put nukes in Belarus near NATO borders, envoy says
Photo – AP