(မာ့ချ် ၂၇ ရက်နိ မှ ဧပြီ ၂ ရက်နိ အထိ)
၁။ ၂၇ – ၃ – ၂၀၂၃ (တလင်းလာ)
(၁) ကျောက်တော်မြို့နယ်တွင် မာ့ချ် ၂၆ ရက်နိက ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသည့် ရွှီရည်ဆုဝေ ခရီးသည် တင်ကားတစီးနန့် အိမ်စီးကားတစီး တိုက်မိခ၍ အိမ်စီးကားမောင်းသူ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ၊ ရန်တား ရပ်ကွက်မှ ကိုစိုးလင်းအောင်(၂၈နှစ်) သီဆုံးကာ၊ ရွှိရည်ဆုဝေကား နန့် လိုက်ပါလာသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီး နှစ်ဦး ဒဏ်ရာရလားခသည်။
(၂) ရွီးကောက်ပွဲကော်မသျှင်(UEC)၏ မာ့ချ် ၂၄ ရက်နိအထိထုတ်ပြန်ချက်များအရ အယင်ကနိုင်ငံရီးပါတီ ၉ ခုဟိခပြီး ယင်း အနက် ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်နန့် နိုင်ငံရီးပါတီမှတ် ပုံတင်ခြင်း ဥပဒေသစ်အရ ပြန်လည် မှတ်ပုံတင်လာသည့် ရက္ခိုင်အခြီစိုက်နိုင်ငံရီးပါတီ ၅ ခုအထိ ဟိလာသည်။
(၃) ရက္ခိုင်ပြည် မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင် စခန်းများ၌ ခိုလှုံနီကတ်ရသည့် စစ်ဖီးယှောင်အမျိုးသမီးများတွင် အခြီခံကျန်းမာရေး အသုံးအဆောင်ဖြစ်သည့် အမျိုးသမီးလစဥ်သုံးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ဟိသည်။
၂။ ၂၈ – ၃ – ၂၀၂၃ (အင်္ဂါ)
(၁) မြန်မာပြည်ဆူပူအောင်လှုဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံ ထားရသည့် ကျောက်တော်မြို့၊ ပြည်တော် သာရပ်ကွက်မှ လူထုဇော်ဝင်း(ခ) ဦးဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာ မှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်း ရွာမှ ကိုဇော်မိုးထက်ရို့အမှုကို မာ့ချ် ၂၈ ရက်နိတွင် ကျောက်တော်မြို့နယ် တရားရုံး၌ ရုံး ထုတ်ခကေလေ့ မစစ်ခဘဲလာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်သည်။
(၂) ပင်လယ်ရီတိုက်စားမှုကြောင့် နီအိမ်ပျက်စီးလားခရသည့် သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာသားများ နီအိမ် ပြန်ဆောက်ရန် ငွေကြေးနန့် အစားထိုးမြီနီရာ လိုအပ်နီသည်။
(၃) ရက္ခိုင်ပြည်တွင် စစ်တွေ ၊ တောင်ကုတ်၊ ကျောက်ဖြူ စသည့်မြို့နယ်များဟိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်နီး တခြားမြို့နယ်တချို၌လေ့ စက်သုံးဆီကို အလုအယက်ဝယ်နီရကာ လိုသလောက်ဝယ်မရ ဖြစ်နီ ကတ်ရသည်။
(၄) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက် သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့်ပုဒ်မ ၂ ခုနန့်တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော် ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရိုအမှုကို မာ့ချ် ၂၈ ရက်နိတွင် မြောက်ဦးမြို့ တရားရုံး၌ ရုံးထုတ်ပြီး လိုပြသက်သီမရောက်ဿ မစစ်ဆီးခဘဲ ရုံးချိန်း ထပ်ရွှိလိုက်ကြောင်း သိရသည်။
၃။ ၂၉ – ၃ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ရက္ခိုင်ပြည်မှာ စစ်ကောင်စီက အတင်းအားဓမ္မ နီရပ်ပြန်ခိုင်းမှုကြောင့် နီရပ် ပြန်လားခရသည့် စစ်ဖီးယှောင်များမှာ စား ဝတ်နီရီး အခက်အခဲများဖြင့် ရင်ဆိုင် နီရသည်။
(၂) မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ရို့နန့်တရားစွဲ ခံထား ရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်) အမှုကို မာ့ချ် ၂၉ ရက်နိ တွင် စစ်တွေမြို့ နယ်တရားရုံး၌ ရုံးထုတ်ခပြီး တရားလို ထပ်မံပျက်ကွက်၍ မစစ်နိုင်ခဘဲ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်း ထပ်ရွှိ လိုက်ရကြောင်း သိရသည်။
(၃) ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကား လမ်းတ လျှောက် ကုန်စည်သယ်ယူခွင့်ကို လက်ဟိ ၁၀ ကျော်လာသည့် အချိန်ထိ မြန်မာစစ်တပ်မှ ဆက်ပိတ်ထား ဆဲဖြစ်သည်။
၄။ ၃၀ – ၃ – ၂၀၂၃ (ကြာသပတီး)
(၁) မြန်မာစစ်တပ် ဖမ်းဆီးလားခပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားရင်ဆိုင်နီရသည့် စစ်တွေမြို့ ရွှိပြား ရပ်ကွက်ဟိ ကိုးစင်ကြယ်ဆောက်လုပ်ရီးကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နီသူ မင်းပြားမြို့နယ်၊ ငှက်ရဲကောက် ရွာသား ဦးသိန်း ဇော် (၃၂နှစ်) အမှုအပြီးသတ်အမိန့်ချဖို့ကို စစ်တွေမြို့နယ်တရာရုံးက အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်း အကြိမ်ကြိမ် ရွှိဆိုင်းနီ၍အမှု ကြန့်ကြာကာ နစ်နာနီကတ်ရသည်။
(၂) ကျောက်တော်မြို့ထက်ဟိ သိမ်ပြင်စစ်ဖီးယှောင်စခန်းတွင် ယာယီလူနီဆောင်များ ပျက်စီးနီ၍ မိုးရာသီမကျခင် အဆောင်များ ပြန်ပြုပျင်ရန် အရေးတကြီး လိုအပ်နီသည်။
(၃) ရက္ခိုင်ဟိ လူမှုကယ်ဆယ်ရီးလုပ်ငန်းများဆောင်ရွက်နီသည့် အရပ်ဖက်အဖွဲ့ အစည်းများအနီနန့် လက်နက်ကိုင် အဖွဲ့များ နန့် ပတ်သက်လျှင် အသစ်ပြဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ခံရမည်ဟု ပြည်နယ်စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုသည်။
(၄) မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့်တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်းရို့ အမှုကို မာ့ချ် ၃၁ ရက်နိတွင် ဘူးသီးတောင်မြို့တရာရုံး၌ ရုံးထုတ်စစ်ဆီးမည်။
၅။ ၃၁ – ၃ – ၂၀၂၃ (သောကြာ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အပါအဝင် ၁၄ ယောက်ကိုအမှုကို မာ့ချ် ၂၉ ရက်နိ၌ ကျောက် ဖြူမြို့နယ်တရားရုံးတွင်ရုံးထုတ်ခကေလေ့တရားလိုပျက်ကွက် ပြန်၍ မစစ်ဆီးနိုင်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ရပြန်သည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရားစွဲခံထားရသည့် ဘူးသီး တောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာ မတ်တူဆောင်းရို့ အမှုကို မာ့ချ် ၃၁ ရက်နိတွင်ဘူးသီးတောင်မြို့တရားရုံး၌ရုံးထုတ်ခပြီးလိုပြ သက်သီ တယောက်ကို စစ်ဆီးခသည်။
၆။ ၁ – ၄ – ၂၀၂၃ (စနီ)
(၁) မာ့ချ် ၃၁ ရက်နိ ညည့်က ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၊ ပေါ် တော်မူရပ်ကွက်မှ ဦးလှမောင်သာ၏ နီအိမ် မီးလောင်မှု ဖြစ်ပွားခပြီး ဦးလှမောင်သာ၏သား ကိုထွန်းရွှိ (ခေါ်) မောင်ပြားချေ ( ၃၀ နှစ်)မီးထဲပါလားကာ သီဆုံးလား ကြောင်းသိရပါသည်။
(၂) စစ်တွေတွင် မာ့ချ် ၃၁ ရက်နိက ကန်တော်ကြီးကို ရီဖြည့်ရန် မြီအောက်ရီ တူးဖော်မှုအား စက်ခလုပ်ဖွင့်၍ ရီစမ်းသပ် ရီဖြည့်တင်းရာ၌ “အောင်မြင်မှု မဟိ”ဟုစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခသည်။
(၃) စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ Arakan Art Gallery ပန်းချီပြခန်း၏ တနှစ်ပြည့်အထိမ်း အမှတ်နန့်အတူ ပထမဆုံး အကြိမ် ပန်းချီကားများလီလံတင်ရောင်း ချပွဲကို ဧပြီ ၂ ရက်နိတွင် ကျင်းပလားမည်။
(၄) ကျောက်တော်မြို့ဟိ သိမ်ပြင်စစ်ဖီးယှောင်စခန်းတွင် ဧပြီ ၁ ရက်နိ မိုးရွာ သွန်းမှုကြောင့် ခေါင်မိုးများပျက်စီးကာ မိုးယို၍ စစ်ဖီးယှောင်များ နီစရာ အခက်အခဲများဖြင့်အရေးပေါ်ရင်ဆိုင်ကတ်ရကြောင်း စခန်းတာဝန်ခံများက ဆိုသည်။
၇။ ၂ – ၄ – ၂၀၂၃ (တလင်းဂနီ)
(၁) ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု၊ ကျောက်ခမောက်ရွာနန့် တမိုင်ခန့်ကွာ ရှောက်ချောင်းဖျားကမ်းစပ်တွင် ဧပြီ ၁ ရက်နိညဇာ ၄ နာရီခန့်က သီဆုံးနီသည့် အရှည် ၂၅ ပေ ကျော်အရွယ်အစားဟိ ဝေလငါးမန်းကြီးတကောင် သောင်တင် လျက် သီဆုံးနီသည်ကို တွိဟိခရသည်။
(၂) မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွီအနှစ် အထင်ကရ စေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ်နန့်လေးမျက်နှာသိမ် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် မေ ၂ ရက်နိမှ ၆ ရက်နိအထိ ၅ ရက်တိုင် တိုင်စည်ကားသိုက်မြိုက်စွာကျင်းပလားမည်ဖြစ်သည်။
(၃) စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုန်ခသည့်မာ့ချ် ၃၁ ရက်နိ မိုးထ ၉ နာရီမှာ လောကာနန္ဒာ စေတီတော်သို့ရောက်လာပြီး စေတီတော်၏ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်တင် လှူတန်းပူဇော်ပွဲ ကျင်းပခရာ စေတီတော်ဝင်း သာသနာ့ဗိမာန်တော်ကြီး၌ စာမိန်းပွဲဖြေဆိုနီကတ်သည့် သံဃာတော်များ နီရာရွှိပြောင်း ဖြေဆိုခရသည်။
(၄) Arakan Art Gallery တည်ထောင်သည့် (၁) နှစ်ပြည့် ပန်းချီပြပွဲနန့် ပထမဆုံးအကြိမ် ပန်းချီကားများ လီလံတင် ရောင်း ချပွဲအခမ်းအနားကို ဧပြီ ၂ ရက် နိ မွန်းလွဲ ၁ နာရီမှ ညဇာ ၄ နာရီခန့်အထိ စစ်တွေမြို့၊ မောလိပ် ရပ်ကွက်ဟိ Arakan Art Gallery ပြခန်း၌ အောင်မြင်စွာကျင်းပပြုလုပ်ခသည်။