
APM ၊ မာ့ချ် ၃ / ၂၀၂၃
ရသေ့တောင်မြို့ အရှိမြောက်ရပ်ကွက်တွင် ဒေနိ(မာ့ချ် ၃ ရက်နိ) မိုးထက မီးလောင်မှုဖြစ်ပွားခပြီး နီအိမ် ၄ လုံး မီးလောင်ပြာကျလားကြောင်းသိရသည်။
မီးလောင်ပြာကျလားသည့် နီအိမ်များမှာ ဦးကျော်ဝင်းမောင်၊ ဦးမောင်ရွှီသိန်း၊ ဦးသိန်းရွှီမောင်နန့် ဦးမောင်သိန်းရွှီ ရို့၏ နီအိမ်များ ဖြစ်သည်။
ဖြစ်စဉ်မှာ ဒေနိမိုးထစောစော ၂ နာရီကျော်ခန့်၌ ဦးကျော်ဝင်းမောင်၏နီအိမ်တွင် ခြင်ဆီးခွေထွန်း၍ အိပ်နီရာ ယင်းခြင်ဆီးခွေမီးကနီ အနားဟိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခပြီး ယင်းမှတဆင့် အနားဟိ ဦးမောင်ရွှီသိန်း၊ ဦးသိန်းရွှီမောင်နန့် ဦးမောင်သိန်းရွှီရို့၏နီအိမ်များသို့ ကူးစက်လောင်ကျွမ်းခခြင်းဖြစ်သည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် နီအိမ် ၄ လုံးမီးလောင်ပြာကျလားပြီးနောက် ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနက လာရောက် ငြိမ်းသတ်၍ မိုးထ ၃ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခကြောင်း သိရသည်။
ယင်းအပြင် ကုန်ခသည့် မာ့ချ် ၂ ရက်နိကလေ့ မြောက်ဦးမြို့နယ်၊ အောက်သားကန်ရွာတွင် မီးလောင်ကျွမ်းမှုတခုဖြစ်ခပြီး နီအိမ် ၁ လုံးမီးလောင်ပြာကျလားခသိမ့်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကလေ့ ပြည်သူများအနီနန့် မီးဖီးအန္တရာယ်ကို အထူးသတိထားကတ်ရန်၊ မီးဖီးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရီးလုပ်ငန်းများကို အမျိုးသားရီးတာဝန်တရပ်အဖြစ် သဘောထားပြီး အတူ တကွ ပူးပေါင်း လုပ်ဆောင်ကတ်ရန် ဖေဖော်ဝါရီ ၂၇ ရက်နိက ပြုလုပ်ခသည့် အာရက္ခပြည်သူ့ အစိုးရ၏ သတ္တမအကြိမ်မြောက်သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်း၌ နှိုးဆော်တိုက်တွန်းထားသည်။
