
APM ၊ မာ့ချ်လ ၃ / ၂၀၂၃
အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာဒုက္ခသည်များကို ပြန်လွှတ်ပီးဖို့အရပ်ဖက်လူမှုအဖွဲ့အစည်း ၉၄ ဖွဲ့က အိန္ဒိယဗဟိုအစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။
India For Myanmar၊ သွီးစွန်းငွေဖြတ်တောက်ရီး- Blood Money Campaign(Myanmar)၊ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တိုင်းရင်းသားလူငယ်များအထွေ ထွေသပိတ်ကော်မတီ၊ မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် စုစုပေါင်းအရပ်ဖက်လူမှုအဖွဲ့အစည်း ၉၄ ဖွဲ့က မာ့ချ် ၂ ရက်နိတွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်၌ မြန်မာ့ဒီမိုကရေစီလှုပ်ယှားမှုကို ရပ်တည်အားပီးရန်၊ ဖမ်းဆီးထိန်းသိမ်းခံအားလုံးကို ခြွင်းချက်မဟိပြန်လွှတ်ပီးရန်နန့် ထပ်မံဖမ်းဆီးခြင်းမပြုရန်၊ မြန်မာပြည်တွင်းအခြေအနေများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ဗြီးလာသူများကို ယာယီခိုလှုံခွင့်ကဒ်ထုတ်ပီးရန်စသည့် အချက်များ ဖော်ပြထားသည်။
ယင်းအပြင် မဏိပူရ်မှာ သီဆုံးလားသည့် ထိန်းသိမ်းခံချင်းဒုက္ခသည်တယောက်နန့်ပတ်သက်၍ ပွင့်လင်းမြင်သာ မှုဟိစီရန် မိသားစုနန့် မြန်မာပြည်သူများအား အမှန်ကိုအသိပီးဖို့လေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ချင်းပြည်၊ တမူးမြို့နယ်၊ ဆရာစံကျေးရွာမှ အသက် ၃၂ နှစ်အရွယ် Demkholun Guite သည် မဏိပူရ်ပြည်နယ် အင်ဖားမြို့ဟိ Sajiwa အကျဉ်းထောင်ထဲတွင် ဖမ်ဆီးထိန်းသိမ်းခံနီရစဉ် ပြီးခသည့် ဖေဖော်ဝါရီ ၂၆ ရက်နိက သီဆုံးလားခရခြင်းဖြစ် သည်။
မြန်မာပြည်တွင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ထွက်ဗြီးခိုလှုံနီသည့် မြန်မာဒုက္ခသည် ၆ သောင်း ကျော်ဟိပြီး ယင်းအထဲမဏိပူရ်ပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၇၀ ကျော်ဟိသည်ဟု India For Myanmar စာရင်းများအရသိရသည်။
Source – Joint statement by Myanmar resistance forces on the situation of Myanmar refugees in Manipur, India
Photo – India For Myanmar


