
APM ၊ မာ့ချ် ၃ / ၂၀၂၄
၂၀၂၄ ခုနှစ်၊ မာ့ချ် ၂ ရက်နန့် ၃ ရက်နိတိက ကျောက်ဖြူမြို့နယ်အတွင်းဟိ ရွာချင်းဆက်လမ်းတိမာ အကြမ်းဖက် စစ်ကောင်စီက ယုတ်မာကောက်ကျစ်စွာ မိုင်းတိလိုက်ထောင်နီရေလို့ ခိုင်မာရေသတင်းရင်းမြစ်တိက ပြောပါရေ။
ဒေနိမာ့ချ် ၃ ရက်နိ၊နိခင်း ၁၂ နာရီအချိန်ခန့်ကကျောက်ဖြူမြိုနယ်၊ ဂုံးချွိန်တိုက်နယ်၊ အောင်စေတီရွာဘုရားကုန်းမာ စခန်းချထားရေ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား၂၀ ခန့်စွာ အောင်စေတီရွာအောက်ဖက်ဟိ ကာရီဘောင်တလျှောက်မာ ၁ နာရီခန့်အကြာ မိုင်းထောင်မှုတိ ပြုလုပ်ခရေလို့ ဒေသခံတိက ပြောပါရေ။
အလားတူ ညက မာ့ချ် ၂ ရက်နိ၊ မိုးထ ၉ နာရီ အချိန်ခန့်ကလည်း ကျောက်ဖြူအခြီစိုက် ခလရ (၃၄) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင်တိ ပူးပေါင်းအင်အား ၅၀ လောက်စွာ သစ်ပုတ်တောင်တိုက်နယ်၊ စိုင်ခြုံဒွိန်ရွာသို့ရောက်လာပြီးကေ “စိုင်ခြုံဒွိန်၊ ရှောက်ချောင်း၊ကပ်သပြေ” ရွာတိက ဒေသခံရို့အဓိက အသုံးပြုလားလာနီရေ ဦးသန်းမြင့်ကာရီဘောင်ထက် လမ်းမအလယ်ဂေါင်တည့်တည့်နန့် ကာရီဘောင်ဘေးနားမာ မိုင်းတိကို ထောင်ထားခရေလို့ ဒေသခံတိက ဆိုပါရေ။
ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဦးသန်းမြင့်ကာရီမာ မိုင်းတိ မထောင်ခင် ကာရီထဲက လူတိကို နှင်ထုတ်ပြီးမှ သူရို့ မိုင်းတိကို ထောင်ကတ်တေလို့ သိရပါရေ။
လက်ဟိမာ ရွာသားတိစွာ မိုင်းထောင်ထားခရေ နီရာတိကို အမှတ်သင်္ကေတတိပြုလုပ်ပနာ ယင်းနီရာတိကို ဖြတ်သန်းလားလာမှုတိမလုပ်ကတ်ဖို့ အထူးသတိပီးထားကတ်တေလို့လည်း သိရပါရေ။
ကျောက်ဖြူ ဒေသခံတယောက်ကတော့ ” စစ်ကောင်စီစွာ ရက္ခိုင့်တပ်တော်တိုက်ခိုက်လာဖို့ကို စိုးရိမ်ကြောက်လန့်ပြီးကေ လမ်းတိမာ မြီမြှုပ်မိုင်းတိ ထောင်နီပါရေ။ အယင်က ရီကြောင်း၊ လီကြောင်းတိကို ဖြတ်တောက်ရုံမက အဂုခါ ကုန်းလမ်းကိုပါ ပြည်သူတိလားလာမရအောင် လုပ်လာနီပါရေ။ စစ်ကောင်စီအနီနန့် အေရက်ပိုင်းကစလို့ နောက်ရက်တိမာလည်း အေထက်မက ကျယ်ကျယ်ပြန့်ပြန့် မိုင်းတိကို လာထောင်နိုင်ပါရေ။ ပြည်သူရို့အနီနန့် အထူးသတိ ပြု စောင့်ကြည့်ဖို့လိုရေပိုင် သတိထားလားလာကတ်ဖို့လည်း အထူးလိုအပ်ပါရေ” လို့ သုံးသပ်ပြောဆိုလားပါရေ။
ပုံ/စာ- မာ့ချ် ၂ ရက်နိက ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံဒွိန်ရွာအနားဟိ ကာရီဘောင်နန့် ကာရီဘောင်နားမာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခရေ မိုင်းနီရာတိကို တွိရစဉ်။

