
APM ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၃
မန်ယူနောက်ခံလူ ပြင်သစ်လက်ရွီးစင် ဗာရန်းသည် နိုင်ငံအသင်းကနီအနားယူလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နိတွင် တရားဝင် ကြေညာလိုက်သည်။
အသက်၂၉ နှစ်အရွယ် ဗာရန်းသည် နိုင်ငံအသင်းမှ အနားယူလိုက်ပြီး၊ သူ၏ကလပ်ကဇတ်သမားဘဝကိုရာ အာရုံစိုက်လားမည်ဟု ၎င်း၏ ဆိုချယ်မီဒီယာတွင် ပြောကြားခသည်။
“ဆယ်စုနှစ်တခုအထိ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရခစွာက ကျနော့်ဘဝ၏ အကြီးမားဆုံးလက်ဆောင်တခုပါ။ ဒေအပြာရောင် ဂျာစီကိုဝတ်လိုက်တိုင်း ကျနော်ဂုဏ်ယူမိပါရေ။ ကျနော့်အနီနန့် အနားယူဖို့ကိစ္စကို ကာလအင်တန်ကြာစဥ်စားခပြီးမှ အသေအချာဆုံးဖြတ်ခစွာပါ” ဟု ဗာရန်းက အင်စတာဂရမ်၌ ရွီးသားခသည်။
ဗာရန်း အနားယူခြင်းနန့် ပတ်သက်၍ ပြင်သစ်နည်းပြ ဒက်ချမ့်စ်က “သူက ဉာဏ်ရည်ထက်မြက်တေ ကဇတ်သမား တယောက်ဖြစ်ပါရေ။ အားနည်းချက် အားသာချက်တိကိုလေ့ ချိန်ဆတတ်ပါရေ။ လွန်ခရေ ဆယ်စုနှစ်အတွင်း ကွင်းထဲ၊ကွင်းအပြင်မှာ အဓိကအခန်းကဏ္ဍကနီ နိုင်ငံအသင်းအတွက်ပါဝင်ခရေ။ သူနန့် ပြင်သစ်အသင်း စွန့်စားမှုက ပြီးဆုံးလားပါဗျာယ်။ သူ့၏ ရိုးသားမှု၊ ကတိကဝတ်တိကိုလေ့ ဂုဏ်ပြုပါရေ” ဟု ပြောဆိုသည်။
ဗာရန်းသည် ပြင်သစ်အသင်းအတွက် ၉၃ ပွဲကဇတ်ပီးခသည့်အပြင် ၂၀၁၈ ခုနှစ်မှာ အသင်းနန့်အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခပြီး၊ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လေ့ ဒုတိယဆုရယူနိုင်အောင် စွမ်းဆောင်ပီးခသည်။
Source – Manchester United defender Raphael Varane has announced his retirement from international football at the age of just 29.
Photo – Goal.com
