
APM ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၃
အထက-ပေါက်တော ကျောင်းသား၊ကျောင်းသူဟောင်းများ၏ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၅ ရက်နိ (တလင်းဂနီ)နိတွင် ပေါက်တောမြို့၊ သာသနာ့ဗိမာန်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလားမည်ဟု သိရသည်။
မြတ်ဆရာပူဇော်ပွဲအခမ်းနားကို မိုးထ ၉ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အပူဇော်ခံ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး ၇၇ ယောက်နန့် ၎င်းရို့သင်ကြားပို့ချခသည့် ကျောင်းသား/သူဟောင်း ၃၀၀ ခန့်ရို့ တက်ရောက်ကတ်မည်ဖြစ်ကြောင်း ပူဇော်ပွဲဖြစ်မြောက်ရီး ကော်မတီက ပြောသည်။
အခမ်းအနား၌ ကျောင်းသား၊သူဟောင်းများမှ အပူဇော်ခံ အငြိမ်းစားဆရာကြီး၊ဆရာမကြီးများအား အသက် ၆၀ မှစ၍ အသက် ၇၀ အောက် တယောက်လျှင် ငွေကျပ် ၁ သိန်း၂ သောင်းကျပ်၊ အသက် ၇၀ အထက်ဆိုလျှင် ငွေကျပ် ၁ သိန်းခွဲစီဖြင့် ပူဇော်ကန်တော့မည့်အပြင် လှူဖွယ်ဝတ္ထုများဖြင့်လေ့ ထပ်ဆင့် ပူဇော်လားမည်ဟု သိရသည်။
အထက – ပေါက်တော ကျောင်းသား၊ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲကို ၂၀၁၁ ခုနှစ်မှစ၍ ၂ နှစ်ခြားစီ ကျင်းပလာခြင်းဖြစ်ပြီး၊ ဒေဂု ၂၀၂၃ ခုနှစ်ဆိုလျှင် ပဉ္စမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
