APM ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၃
တရုတ်နိုင်ငံ၏အင်အားကြီးထွားလာမှုကို ကာကွယ်ရန် အိန္ဒိယသည် ဒေနှစ် ၂၀၂၃ ဘဏ္ဍာရီးနှစ်အတွက် ကာကွယ်ရီးအသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နိတွင် ကြေညာသည်။
အိန္ဒိယသည် စစ်ရီးအသုံးစရိတ်၂၀၂၂-၂၃ ဘဏ္ဍာရီးနှစ်က အမေရိကန်ဒေါ်လာ ၅၄.၂ ဘီလီယံသုံးစွဲခရာမှ ဒေဂု ၂၀၂၃-၂၄ ဘဏ္ဍာရီးနှစ်တွင် အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံသုံးစွဲရန် သတ်မှတ်ပြီး၊ ၁၃ ရာခိုင်နှုန်း တိုးမြှင့်လိုက် ခြင်းဖြစ်သည်။
ဒေဂုနှစ်အတွက် အိန္ဒိယ၏ ကာကွယ်ရီး စရိတ်ကို ၁၃ ရာ ခိုင်နှုန်း တိုးမြှင့်ကြောင်း လွှတ်တော်၌ ဘတ်ဂျတ်ကြေညာရာတွင် ဘဏ္ဍာရီးဝန်ကြီး Nirmala Sitharaman က ဆိုသည်။
အိန္ဒိယသည် တရုတ်နန့် နယ်စပ်ပြဿနာ၊ ကုန်သွယ်ရီးနန့် နည်းပညာကဏ္ဍများ၌အငြင်းပွားလျက်ဟိပြီး၊ နှစ်နိုင်ငံအကြား ဆက်ဆံရီးတင်းမာကာ ၎င်း၏နယ်ခြားကာကွယ် ရီးနန့် လက်နက်တပ်ဆင်ရီး လုပ်ငန်းများကို အရှိန်မြှင့် တင်နီသည်။
အလားတူ မနှစ်ကလေ့ ပြည်တွင်းဖြစ် နျူကလီးယားစွမ်း အင်သုံးရီငုပ်သင်္ဘောနန့် လီယာဉ်တင်သင်္ဘောကို အိန္ဒိယက ထုတ်ဖော်ပြသခသိမ့်သည်။
အိန္ဒိယသည် ဂျပန်၊ဩစတြေးလျနန့်အမေရိကန်ပူးပေါင်းထားသည့် Quad မဟာမိတ်အဖွဲ့တွင်ပါဝင်ပြီး၊အခြားတဖက်တွင် တရုတ်၏စစ်ရီးနန့်ကုန်သွယ်ရီးလွှမ်းမိုးမှုအပေါ် စိုးရိမ်မှုပိုများလာသည့် ဒေသတွင်းအင်အားကြီး နိုင်ငံတနိုင်ငံဟုလေ့ CNA သတင်းဌာနက ဖော်ညွှန်းထားသည်။
Source – India hikes defence budget 13% with an eye on China
Photo – AFP