APM ၊ ဖေဖော်ဝါရီ ၃ /၂၀၂၃
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရီးစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် လွတ်ရက်စိ မြန်မာပြည်သား အယောက် ၆၇၀ ကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၂ ရက်နိတွင်မြန်မာပြည်၊ကော့သောင်းသို့ပြန်လည်ပို့ဆောင်ခကြောင်း သိရသည်။
နီရပ်ပြန်လည်ရောက်ဟိလာသည့် မြန်မာပြည်သားများထဲတွင် အမျိုးသား ၅၃၄ ယောက် နန့် အမျိုးသမီး ၁၃၆ ယောက်ပါဝင်သည်။
၎င်းရို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရီးများက ရနောင်း-ကော့သောင်း ရီလမ်းမှတဆင့် ကော့သောင်းမြို့မြန်မာအစိုးရ တာဝန်ဟိသူများထံ ပို့ပီးခကြောင်းသိရသည်။
ယင်းမြန်မာပြည်သားများသည် ပြီးခသည့် ဂျန်နဝါရီ ၂၈ ရက်နိက ထိန်းသိမ်းရီးစခန်းအတွင်း အစာငတ်ခံဆန္ဒပြခကတ်ပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နိတွင် ၎င်းရို့ကို ပြန်ပို့ပီးခြင်းဖြစ်သည်။
အဆိုပါ ထိုင်းနိုင်ငံ၌ အဖမ်းခံခရသည့် မြန်မာပြည်သားအများစုမှာ အထောက်အထားမပြည့်စုံမှု၊ တရားမဝင် ဝင်ရောက်နီထိုင်မှုများနန့် အဖမ်းခံခရပြီး၊ ရနောင်းမြို့ထိန်းသိမ်းရီးစခန်းတွင် ၄လမှ ၆လအထိ ထိန်းသိမ်းထားခကြောင်း ထိုင်းရီတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Suchart Thampitakwet က ပြောကြားထားသည်။
Source – Myanmar Labourers Repatriated
Photo – The Nation Thailand