
APM ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၃
မတရားအသင်းဆက်သွယ်မှု ၁၇(၁)နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈီး အုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်းကို ဒေနိ(ဖေဖော်ဝါရီ ၃ ရက်နိ) တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ (၉) ကြိမ်မြောက် ရုံးထုတ်ခကြောင်း သိရသည်။
ယင်းသို့ ရုံးထုတ်ခပြီး၊လိုပြသက်သီ ၂ ယောက်ကို စစ်ဆီးကာ၊ လာမည့် ဖေဖော်ဝါရီ ၉ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ခလရ (၂၃၄) တပ်ရင်းမှ ဘူးသီးတောင်မြို့နယ်ဟိ အုပ်ချုပ်ရီးမှူး ၁၂ ယောက်အားတွိဆုံရန် ခေါ်ယူခပြီးနောက်၊ ယင်းအထဲမှ မီးကျောင်းဈီး (မူဆလင်)ရွာ အုပ်ချုပ်ရီးမှူး ဦးဟာမိတ်တူဆောင်း နန့် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ ရို့နှစ် ယောက်ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်ခြင်းဖြစ်သည်။
ယင်းနောက် ရက္ခိုင့်တပ်တော် AAနန့်ဆက်စပ်သည်ဟုစွပ်စွဲကာ အုပ်ချုပ်ရီးမှူးနှစ်ယောက်စလုံးအား ပုဒ်မ ၁၇(၁) နန့် တရားစွဲဆို၍ ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်လျက်ဟိရာ ဦးဦးကျော်လှကိုတော့ ဖေဖော်ဝါရီ ၂ ရက်နိ၌ (၉) ကြိမ်မြောက်ရုံးထုတ်ခကေလေ့ မစစ်ဆီးပဲ လာမည့်ဖေဖော်ဝါရီ ၉ ရက်နိသို့ ထပ်မံရုံးချိန်းထားသည်။
လက်ဟိတွင် ယင်းအုပ်ချုပ်ရီးမှူး နှစ်ယောက်စလုံးကို ဘူးသီးတောင်အကျဉ်းထောင်၊ ထောင်ချုပ်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိဟိရသည်။
