APM ၊ ဖေဖော်ဝါရီ ၃ / ၂၀၂၃
မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၂ ရက်နိက ဘူးသီးတောင်အခြီစိုက် မြန်မာစစ်တပ် ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ ခလရ (၂၃၄) တပ်ရင်း တပ်စွဲထားသည့် ခမောင်းဆိပ်ဗျုုဟာကုန်းအနား၌ စစ်ကျန်ဗုံသီးတလုံး ပေါက်ကွဲရာ ဆယ်ကျော်သက်အရွယ် လူငယ်တယောက်ပွဲချင်းပြီး သီဆုံးလားခကြောင်း သတင်းရဟိသည်။
သီဆုံးလားသူမှာ မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့မှ (အဖ)ဦးကျန်အေး၏သား မောင်ကျော်စိုး(၁၃နှစ်) ဟု သိရသည်။
မောင်ကျော်စိုးသည် ဖေဖော်ဝါရီ ၂ ရက်နိ နိခင်း ၁၂ နာရီခန့်က ခမောင်းဆိပ်ဗျူဟာကုန်း၏တောင်ဖက် မီတာ ၃၀ ခန့်အကွာသို့ ငှက်ကိုင်းထောင်ရန်တယောက်တည်း ထွက်လာစဉ် တကျော့ပြန်တိုက်ပွဲကာလအတွင်းက မပေါက်ကွဲဘဲကျန်နီခသည့် ဗုံးသီးတလုံးပေါက်ကွဲရာမှ ထိမှန်သီဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ကျော်စိုး၏ ဦးဂေါင်းညာဖက်ခြမ်းပွင့်ထွက်လားကာ ယင်းနီရာ၌ပင် ပွဲချင်းပြီးသီဆုံး လားခရသည်။
မောင်တောအပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီးတွင် စစ်ကျန်လက်နက်များ၊ မြီမြှုပ်မိုင်းပေါက်ကွဲမှုများ မကြာမကြာဖြစ်ပွား လျက်ဟိသည်။
ပေါက်ကွဲမှုအများစုမှာ မြန်မာစစ်တပ် တပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ မြန်မာစစ်တပ် တပ်စွဲနီထိုင်ခသည့်နီရာများနန့် အယင်ကတိုက်ပွဲဖြစ်ပွားခသည့်ရွာနားရို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနီခြင်းလေ့ ဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနီနန့်လေ့ စစ်ကျန်လက်နက်များနန့်ပတ်သက်၍ ပြည်သူများအား မိုင်းအန္တရာယ်ဟိသည့်နီရာများသို့မလားလာကတ်ရန်နန့် ယင်းနီရာများကို တားမြစ်နယ်မြီအဖြစ် သတ်မှတ်ခြင်းစသည့် ထိရောက်သောနည်းလမ်းများနန့် လက်တွိကျကျ အသိပညာပီးဟောပြောခြင်းများ လုပ်ဆောင်လျက်ဟိပြီး၊ ပြည်သူများမှလေ့ တိတိကျကျလိုက်နာကတ်ရန် အထူးသတိပီးတိုက်တွန်းထားကြောင်း သိဟိရသည်။