
APM ၊ ဒီဇမ်ဘာ ၃ / ၂၀၂၃
နိုဗမ်ဘာ ၂၁ ရက်နိကနီဒီဇမ်ဘာ ၂ ရက်နိအထိ အတောအတွင်း လူသားဒိုင်းကာနန့် ဓားစာခံအဖြစ် စစ်ကောင်စီတပ် ပြန်ပီးဆွဲဖမ်းဆီးထားခရေ ပေါက်တောမြို့ခံ ၃၀၀ ကျော် ကို ရက္ခိုင့်တပ်တော် AA ကကယ်ထုတ်ပြီးဖြစ်ကြောင်း သိရပါရေ။
လူသားဒိုင်းကာနန့် ဓါးစာခံအဖြစ် ပြန်ပီးဆွဲခံထားရရေ ပေါက်တောမြို့ခံ ၁၂၀ ကိုနိုဗမ်ဘာ ၂၁ ရက်နိမာ ပထမအသုတ်အဖြစ်လည်းကောင်း၊ ဖမ်းဆီးခံထားရရေဓားစာခံတိနန့် ပေါက်တောမြို့တွင်းအိမ်တချို့မာပုန်းကျန်နီခလူ တရာဝန်း ကျင်ကို နိုဗမ်ဘာ ၂၂ ရက်နိမာ ဒုတိယအသုတ်အဖြစ် လည်းကောင်း ရက္ခိုင့်တပ်တော်က ကယ်ထုတ်ပီးခပါရေ။
ယင်းအပြင် နိုဗမ်ဘာ ၂၃ ၊ ၂၄ နန့် ၂၅ ရက်နိတိမာလည်း ပြည်သူ ၃၆ ယောက်ကိုကယ်ထုတ်နိုင်ခရေပိုင် နိုဗမ်ဘာ ၂၆ ရက်နိကနီ ဒီဇမ်ဘာ ၂ ရက်နိအထိ ၇ ရက်အတွင်း နောက်ထပ်ပြည်သူ ၇၀ ဝန်း ကျင်ကို ထပ်လို့ ကယ်ထုတ်နိုင်ခရေလို့ လည်း သတင်းရဟိပါရေ။
ယင်းကြောင့် ဓါးစာခံကယ်တင်ရီး ၁၂ ရက်အတောအတွင်း ရက္ခိုင့်တပ်တော်အနီနန့် ပေါက်တောမြို့ခံ ၃၀၀ ကျော်ကို ကယ်ထုတ်ထားနိုင်ခပြီးကေ လုံခြုံစိတ် ချရရေ နီရာတိသို့ ပို့ဆောင်ပီးထားပြီးဖြစ်ကြောင်းလည်း သိရပါရေ။
ယင်းဓါးစာခံကယ်တင်ရီးဆောင်ရွက်မှုအတွင်း ရန်သူအများအပြားကိုလည်း သုတ်သင်နိုင်ခပြီးကေ ဒရုန်းစက်တိအပါအဝင် ရန်သူ၏ လက်နက်ခဲယမ်းနန့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရခပါရေ။
လက်ဟိ ရက္ခိုင့်တပ်တော်စွာပေါက်တောမြို့အတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ်ပြန်ပီးဆွဲခံထားရပြီး ကျန်နီသိမ့်ရေ ဓါးစာခံတိ အန္တရာယ်ကင်းကင်းနန့် လွတ်မြောက်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းလျက် ဟိကြောင်းလည်းသိရပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ပြီးခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၆ ရက်နိကပင် ရဟန်းသံဃာတိ၊သက်ကြီးရွယ်အိုတိ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတိနန့် အချေသူငယ်တိပါဝင်ရေ ပေါက်တောမြို့ခံတိကို လူသားဒိုင်းကာနန့် ဓါးစာခံတိအဖြစ်ပြန်ပီးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခစွာဖြစ်ပါရေ။
