
APM၊ အောက်တိုဘာ ၃/ ၂၀၂၃
မြန်မာပြည်မာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတိဝင်ရောက်ခြင်းကို ဆက်လို့ကန့်သတ်ထားမှုကြောင့် အကူအညီလိုအပ်နီလူတိ ပိုထိခိုက်ခံစားနီရရေလို့ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရီးမှူးရုံး (UNOCHA) က အောက်တိုဘာ ၂ ရက်နိထုတ်ပြန်ပါရေ။
လူသားချင်းစာနာမှုအကူအညီတိ ဝင်ရောက်ကူညီခြင်းဆိုင်ရာနန့် အုပ်ချုပ်ရီးအကန့်အသတ်တိကြောင့် ကယ်ဆယ်ရီး အကူအညီ ပီးဖို့ စီစဉ်ထားစွာကို ကြာမြင့်စွာနှောင့်နှေးစီခြင်း၊ သို့မဟုတ် ရွှိဆိုင်းရခြင်းတိ ဖြစ်ပေါ်နီပြီးကေ ဖီးဒဏ်ခံရလူတိနန့် နီရပ်စွန့်ခွာနီရရေလူတိကို ပိုလို့ထိခိုက်ခံစားရစီရေလို့ ဆိုပါရေ။
မြန်မာပြည်မာ ဖြစ်ပွားနီရေ လက်နက်ကိုင်ပဋိပက္ခတိနန့် သဘာဝဖီးအန္တရာယ်တိကြောင့် အိုးအိမ်စွန့်ခွာထွက်ဗြီးနီရလူ၊ အရပ်သားသီဆုံးမှုနန့် ပြည်သူပိုင်ပစ္စည်းတိ ပျက်စီးဆုံးယှုံးမှုတိ ဆက်လို့ဖြစ်ပေါ်နီရေအတွက် ဟိရင်းစွဲ လူသားချင်းစာနာမှု ဆိုင်ရာ အခြေအနီတိ ပိုလို့ဆိုးရွားလာရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
လက်ဟိမာ လူဦးရေ ၂သန်းနီးပါးစွာ မရေရာရေအခြေအနီတိနန့် နီရပ်စွန့်ခွာထွက်ဗြီးနီရပြီးကေ လူမှုဘဝ ကယ်ဆယ်ရီးအကူအညီတိ လိုအပ်နီကြောင်း ဖော်ပြပါဟိပါရေ။
လက်ဟိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရီးအစီအစဉ်နန့် မုန်တိုင်းတုံ့ပြန်ကူညီရီးအတွက် အရေးပေါ် ရန်ပုံငွေ တောင်းခံမှုစွာ ရန်ပုံငွေပြည့်ဖို့အများကြီးလိုအပ်နီပြီးကေ စုစုပေါင်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းလောက်ရာ ရန်ပုံငွေရ ထားပါရေ။
ယင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပီးရီးကို ကန့်သတ်ချက်တိ ဖြီလျော့ပီးဖို့နန့် ထပ်တိုးရန်ပုံငွေရဟိရီးစွာ အရေးပေါ်လိုအပ်ချက်တိကို တုံ့ပြန်ကူညီဖို့ အရေးတကြီးလိုအပ်နီကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Photo UNOCHA Myanmar
