APM ၊အောက်တိုဘာ ၃/၂၀၂၂
စပ်တမ်ဘာ ၂၉ ရက်နိက မြောက်ဦးမြို့နယ်၊ မောင်းဆွဲရွာနားမှ စစ်ကောင်စီတပ် ဖမ်းယူလားခသည့် အပြစ်မဲ့ပြည်သူ ၂၉ ယောက် အနက် ၂၈ ယောက်ပြန်လွတ်ပြီး၊ ကျန် ၁ ယောက်မှာ ဆက်လက်အဖမ်းခံနီရသိမ့်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ပြန်မလွှတ်သိမ့်ဘဲ ဆက်လက်ဖမ်းဆီးထားသည့် တယောက်တည်းသောသူမှာ မောင်းဆွဲရွာသား ဦးဝင်းနိုင် (၄၀နှစ်)ဖြစ်ပြီး၊ မိသားစုများက ၎င်းအတွက် စိုးရိမ်နီကတ်သည်။
စပ်တမ်ဘာ၂၉ ရက်နိ ညည့်၌ မြောက်ဦးအခြီစိုက် ခမရ ၃၇၈ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်းဆွဲရွာအနားက ကူးတို့ရွာပိုင်သည့် ကြက်ခြံများအား မီးတိုက်ပြီး၊ ယင်းအနားတဝိုက်က အပြစ်မဲ့ပြည်သူ ၂၉ ယောက်ကို သိမ်းကြုံးဖမ်းဆီးကာ လက်ပြန်ကြိုးတုတ်လျက် ကားဖြင့်တင်ဆောင်လားခသည်။
ယင်းစပ်တမ်ဘာ ၂၉ ရက်နိမှာပင် မြောက်ဦးအခြီစိုက် ခမရ ၃၇၇ ၊ ၃၇၈ စစ်ကောင်စီတပ်ရို့မှ မောင်းဆွဲရွာသို့ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ပစ်ခတ်၍ အပြစ်မဲ့ကျောင်းသူ ၁ယောက် နန့် အချေ ၁ယောက် ဒဏ်ရာရခပြီး လူနီအိမ်များလေ့ပျက်စီးခရသည်။
ယင်းအတွက်ကြောင့် မောင်းဆွဲ အပါအဝင် အနီးအနားရွာများမှ အပြစ်မဲ့ပြည်သူများသည် မိမိရို့၏ ရပ်ရွာများကို စွန့်ခွာလျက် တိမ်းယှောင်နီကတ်ရပြီး၊ စားဝတ်နီရီး အခက်အခဲများနန့် ရင်ဆိုင်ကြုံတွိနီကတ်ရကြောင်း သိရသည်။
(ဇ

(Zawgyi)
မြောက်ဦး မောင်းဆွဲ မှ စစ်ကောင်စီဖမ်းလားခသည့် အပြစ်မဲ့ပြည်သူ ၂၉ ယောက်မှာ ၂၈ ယောက် ပြန်လွတ်၊ ၁ ယောက်ထဲ ကျန်နီ
APM ၊အောက်တိုဘာ ၃/၂၀၂၂