APM ၊ စပ်တမ်ဘာ ၃/၂၀၂၂
ရက္ခိုင်ပြည်၊ မောင်တောမြို့၌ အောက်တိုဘာ ၂ ရက်နိက ဓားထိုးခံရ၍ သီဆုံးလားခသည့် မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်း အသတ်ခံရမှုတွင် စစ်ကောင်စီ၏ ပယောဂမကင်းဟု ဒေသခံများအကြား သုံးသပ် ပြောဆိုနီကတ်သည်။
မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်း(၅၈နှစ်)သည် အောက်တိုဘာ ၂ ရက်နိ ညဇာ ၇ နာရီခန့် က မောင်တောခရိုင် ပညာရေးမှူးရုံးဝင်းအတွင်း ဓားထိုးခံရပြီးနောက် မောင်တောဆီးရုံ၌ သီဆုံးလားခခြင်းဖြစ်သည်။
မောင်တောခရိုင် ပညာရေးမှူး အသတ်ခံရမှုနန့်ပတ်သက်၍ မောင်တောမြို့ခံတယောက်က “ ဆရာမကြီးအသတ်ခံရမှုမှာ နောက် ကွယ်က စစ်ကောင်စီပယောဂမကင်းလို့ လူတိက ယုံကြည်နီကတ်ပါရေ။ အေချင့်စွာ စစ်ကောင်စီက ရက္ခိုင်နန့် မူဆလင် အကြား လူမျိုးရီး၊ ဘာသာရီးပြဿနာဖြစ်အောင် တမင်တကာ ရည်ရွယ်ချက်ဟိဟိ လုပ်စွာလို့မြင်ပါရေ။ စစ်ကောင်စီက တိုက်ရိုက် မလုပ်ဆို ကေတောင်မှ စစ်ကောင်စီ လက်သတ်မွီးထားရေ လူတိက လုပ်စွာသေချာပေါက်ဖြစ်ဖို့ပါ” ဟု ပြောသည်။
ယင်းအပြင် နောက်ထပ် မောင်တောမြို့ခံတယောက်ကလေ့ “မောင်တောမြို့သည် မူဆလင်ဘာသာဝင် အများစု နီထိုင်ပြီး လူမျိုးတခု နန့်တခုအကြား မယုံကြည်မှု၊ စိုးရိမ်မှုများ ဖြစ်ပေါ်လိဟိသည့်မြို့တမြို့ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်က နိုင်ငံကို အုပ်ချုပ် ခကတ်သည့် အာဏာသျှင်အစိုးရအဆက်ဆက်တိုင်းသည် မောင်တောဒေသ၌ လူမျိုးရီး၊ ဘာသာရီးအဓိကရုဏ်းများဖန်တီးကာ နိုင်ငံ ရီးအမြတ် ထုတ်ခကတ်ပါကြောင်း၊ ယင်းအပြင် ၎င်းရို့ဒေသ၌ ဘာသာရီးအစွန်းရောက်တချို့လေ့ ဟိသောကြောင့် မောင်တောဒေသ အတွင်း မတည်ငြိမ်မှုများသည် အခြားဒေသများနန့် မတူသည့် အနေအထားတွင် ဟိပါကြောင်း”လေ့ သုံးသပ်ပြောဆိုသည်။
အောက်တိုဘာ ၂ ရက်နိညဇာပိုင်းက ဓားဖြင့်လုပ်ကြံခံရ၍ သီဆုံးခရသည့် မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်း ၏ ရုပ်အလောင်းကို ဒေနိ(အောက်တိုဘာလ ၃ ရက်) မွန်းလွဲ ၁ နာရီအချိန်မှာ မောင်တောသုဿန်၌ သဂြိုဟ်လိုက်ကြောင်းသိရသည်။
လက်ဟိအချိန်တွင် မောင်တောမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နန့်ရက္ခိုင့်တပ်တော်ရို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ဟိပြီး စစ်ကောင်စီတပ်မှ ခရီးလားလာမှု၊ စားနပ်ရိက္ခာ၊ ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းများကို ရက္ခိုင်ပြည်အနှံ့ လုံးဝ ပိတ်ဆို့ထားမှုများ ကြောင့် ဒေသခံ ပြည်သူလူထုများမှာ အကျပ်အတည်းမျိုးစုံနန့် ရင်ဆိုင်ကြုံတွိ လျက်ဟိသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ရက္ခိုင်လူမျိုးများအကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် စာရွက်များဖြန့်ဝီခြင်း၊ မြို့နယ် အနှံ့ဓာတ်မီးတိုင်များ၊လူမြင်ကွင်းများ၌လိုက်လံကပ်နီခြင်းစသည့်ဝါဒဖြန့်လှုံ့ဆော်နီသောအချိန်ကာလနန့်လေ့တိုက်ဆိုင်နီပြီး၊ အခြား တဖက်တွင် စစ်ကောင်စီမှ လက်သတ်မွီးထားသောသူများသည် ရက္ခိုင်ဒေသအတွင်း အဖျက်အမှောင့်လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်လျက်ဟိကြောင်းလေ့ သိဟိရပါသည်။
(Zawgyi)
မောင်တောခရိုင်ပညာရေးမှူး အသတ်ခံရမှုတွင် စစ်ကောင်စီ၏ ပယောဂ မကင်းဟု ဒေသခံများ ဆို
APM ၊ စပ်တမ်ဘာ ၃/၂၀၂၂